Channel Myanmar

Artur Dziurman

Gods (2014) 7.6
Gods (2014) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ဆေးလောကနဲ့ သက်ဆိုင်တဲ့ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bogowie ပါ။2014 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.6 နဲ့Rotten tomatoes မှာ rating 82% ရထားတဲ့ဇာတ်ကားဖြစ်သလို ပိုလန်နိုင်ငံက ချီးမြှင့်တဲ့ရုပ်ရှင်ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‌ပိုလန်နိုင်ငံမှာ ပထမဆုံး နှလုံးအစားထိုးကုသမှုကို ဦးစီးဆောင်ရွက်ခဲ့တဲ့ဒေါက်တာရလီဂါအကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းပြောပြရရင် ဒေါက်တာရလီဂါဟာနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ခွဲစိတ်မှုများစွာလုပ်ဆောင်ရသလို ခွဲစိတ်မှုမအောင်မြင်ဘဲဆုံးပါးသွားရသူတွေလည်း အများကြီးပါ။ဒေါက်တာရလီဂါဟာ လူတွေ နှလုံးရောဂါကြောင့်မသေကြစေဖို့အတွက် နှလုံးအစားထိုးကုသဖို့စိတ်ကူးကို အကောင်အထည် ဖော်ချင်ခဲ့တယ်။ဒါပေမဲ့ အထက်လူကြီးတွေက လက်အခံခဲ့ပါဘူး။နောက်တော့ ဒေါက်တာရလီဂါက သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့နှလုံးအစားထိုးကုသမှုကို ‌ဆောင်ရွက်ဖို့ လုပ်လက်စ ဆေးရုံက နုတ်ထွက်ခဲ့ပြီးကိုယ်ပိုင်ဆေးရုံတစ်ခု ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဘဝဆိုတာ ထင်သလို မလွယ်ကူတာမလို့ဒေါက်တာရလီဂါတစ်ယောက် ဆေးရုံကို ဦးစီးနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊သူ နှလုံးအစားထိုးကုသမယ့် လူနာတွေကရော ...
movie

Gods (2014)