Channel Myanmar

Arun Kurian

Marakkuma Nenjam (2024) 8.3
Marakkuma Nenjam (2024) Marakkuma Nenjam (2024) Imdb 8.5/10 လွမ်းရယ်မှမပြေ အခုတစ်ခါ တင်ဆက်ပေးမယ့် တောင်ပိုင်းကားလေးကတော့ Rating ကောင်းကောင်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ကားပဲဖြစ်ပြီး အချစ်ဟာသကားလေးကိုမှ ကောင်လေးကောင်မလေးချောချောလေးတွေနဲ့ စိတ်နှလုံးကြည်နူးစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ ဗမာကားထဲက အိုကြီးအိုမကောင်တွေ ကိုးတန်းဆယ်တန်းပြန်တက်တဲ့ ဇာတ်ဝင်ခန်းလိုပါပဲ ဒါပေမဲ့ ဒီထဲက မင်းသားတို့သူငယ်ချင်းတစ်သိုက်က အောင်ပြီးတာ ဆယ်နှစ်ကြာမှ ဆယ်တန်းကို တကယ်ပြန်တက်ရမှာပါဘာလို့လဲဆိုတော့ သူတို့အောင်ခဲ့တဲ့နှစ်မှာ အောင်ချက်ကောင်းတာ မရိုးသားလို့ဆိုပြီး တိုင်လိုက်တာကို တရားရုံးက အကုန်ဆယ်တန်းပြန်တက်ခိုင်းပြီး ပြန်ဖြေခိုင်းမှာပါ.... အားလုံးက တိုင်ပတ်နေပေမယ့် crush လေးနဲ့ ပြန်တွေ့ရမှာအရမ်းပျော်နေတဲ့သူကတော့ ကာသစ်ပါပဲ....အဲ့လိုတလွဲတချော်တွေ ပေါက်ကရတွေနဲ့ ကျောင်းပြန်တက်ကျတဲ့အခါ ဆက်ဖြစ်လာမဲ့ ကိစ္စတွေကတော့ ပရိသတ်ကြီးပဲ ရယ်ရယ်မောမောနဲ့ ကိုယ်တိုင်ခံစားကြပါလို့ ပြောရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Marakkuma Nenjam (2024)

2024
Mukundan Unni Associates™ (2022) 8.0
Mukundan Unni Associates™ (2022) Mukandan Unni Associate ====================‌ imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie

Mukundan Unni Associates™ (2022)

2022
Hridayam (2022) 8.8
Hridayam (2022) Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie

Hridayam (2022)

4K HEVC Web-DL