Channel Myanmar

Arwen Humphreys

The Plot to Kill My Mother (2023) 5.3
The Plot to Kill My Mother (2023)  (ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ...
movie

The Plot to Kill My Mother (2023)