Channel Myanmar

Asante Blackk

Story Ave (2023)
Story Ave (2023) Kadir ဆိုတဲ့ လူငယ်လေးက OTL လို့ခေါ်တဲ့ ဂရပ်ဖီတီတွေ လိုက်ရေးတဲ့ လူငယ် street gang တစ်ခုထဲကအဖွဲ့ဝင် အရမ်းဖြစ်ချင်နေသူပါ။Kadir မှာ မသန်စွမ်း ညီလေး တစ်ယောက်ရှိပေမယ့် အဲ့ဒီညီလေးက Kadir ရဲ့ စောင့်ရှောက်မှု အောက်မှာ ဆုံးသွားခဲ့ရတဲ့အတွက် သူ့ကိုယ်သူ အမြဲ အပြစ်ရှိနေသလို ခံစားနေရပါတယ်။ တစ်နေ့မှာသူတို့အဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီး Skemes ဆိုသူဆီ သွားပြီး အဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ ပြောပေမယ့် ဟိုကသူ့ကို တာဝန် ပေးအပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်ရမှာပါ။ အဲ့ဒီက ရတဲ့ငွေနဲ့ ဂရပ်ဖီတီ ဆွဲဖို့ ဆေးဘူးတွေ ဝယ်ရမယ် လို့ပြောခဲ့ပါတယ်။ဒါနဲ့ အတွေ့အကြုံမရှိတဲ့ Kadir တစ်ယောက် Luis ဆိုတဲ့ လူအိုကြီး တစ်ယောက်ကို ဓားပြတိုက်ခဲ့ပေမယ့် သဘောကောင်းတဲ့ Luisက Kadir ကို ပိုက်ဆံကြည်ကြည်ဖြူဖြူ ...
movie

Story Ave (2023)

Landscape with Invisible Hand (2023) 6.1
Landscape with Invisible Hand (2023)   လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်းပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲမတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံအတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေကဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေကချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာနေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာအိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေလာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Landscape with Invisible Hand (2023)