Channel Myanmar

Aseem Sharma

Endangered Species (2021)
Endangered Species (2021) Endangered Species (2021)====================မနက်ဖြန်မှ released date မို့ IMDb Rating မတတ်သေးပေမယ့် popularity တတ်နေတဲ့ Action, Thriller, R ratedကားကောင်းလေးပါ။အမေရိကန်က ဟယ်လ်ဆီမိသားစုက အားလပ်ရပ်မှာ အာဖရိက ကင်ညာကို လာပြီး သဘာဝတောရိုင်းတိရစ္ဆာန်တွေကိုလာရောက်ကြည့်ရှုအပန်းဖြေတာကနေ စတာပါ။ ပုံမှန် ဆာဖာရီ အလည်အပတ် ပတ်ကေ့ဂျ်မှာဆိုရင် လုံခြုံရေးကောင်းကောင်းနဲ့ ဒရိုက်ဘာ ဂိုက် ကောင်းကောင်းတစ်ယောက် ပါပေမယ့်။ အဖေဖြစ်သူက ကိစ္စတစ်ခုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတော့ ခရီးစရိတ်ပိုက်ဆံမလောက်တော့မှာ အစိုးရိမ်လွန်ပြီး ပိုက်ဆံအကုန်သက်သာအောင် ဆာဖာရီစည်းမျဉ်းတွေတစ်ခုပြီးတစ်ခု ချိုးဖောက်မိကြပါတော့တယ်။ အဆင်မပြေမှုတွေက အတွဲလိုက်လာသလားလို့ကို ထင်ရလောက်အောင်သူတို့ ကားနဲ့လျှောက်ကြည့်ရင်း အနီးကပ်တွေ့ခဲ့တဲ့ ကြံ့မကြီးက ကလေးပေါက်စလေး မွေးထားတဲ့ ကြံ့မိခင်ကြီးဖြစ်နေတော့သားဇောနဲ့ ကားကို ကြိတ်ဖို့အလာ  သားဖြစ်သူက ကားမောင်းမကျွမ်းကျင်တော့ ကားနောက်ဆုတ်ချိန် မရလိုက်ဘဲကားရောလူတွေပါပက်လက်မှောက်ခုံတွေ ဖြစ်သွားပါတော့တယ်။ အကူအညီတွေနဲ့ အဝေးကြီးဝေးရာမှာ ဟယ်လ်ဆီမိသားစုကြီးဘယ်လို အဆင်ပြေအောင် လုပ်ကြမလဲ ...
movie

Endangered Species (2021)

2021
Dev.D(2009) 8.0
Dev.D(2009) Dev.D(2009)IMDb 8/10ဒေ့ဗ်၊ ပါရိုနဲ့ ချန်ဒရာမူခီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘောလီဝုဒ်ဖန်တိုင်း ရင်းနှီးကြမှာပါဘာကြောင့်လဲဆိုတော့ ကင်းခန်းကြီးနဲ့ အရှ်တို့ရဲ့ ဂန္တဝင်ကားကောင်းကြီးတစ်ကားဖြစ်တဲ့ Devdas ကို လူတိုင်းကြည့်ဖူးကြလို့ဖြစ်ပါလိမ့်မယ်ဒီဇာတ်လမ်းကလည်း ထိုနည်းလည်းကောင်းပါပဲဒေ့ဗ်နဲ့ ပါရိုဟာ အင်မတန်သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းငယ်ချစ်တွေပေါ့ တစ်ယောက်စီရဲ့ အချစ်ဦးတွေလိုဆိုရလိမ့်မယ်ဒါပေမဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဒေ့ဗ်နဲ့ပါရိုဝေးကွာသွားခဲ့တယ်ပါရိုနဲ့ဝေးသွားခဲ့တဲ့ဒေ့ဗ်ဟာ သူ့ဘဝသူ အရှုံးပေးကာ ဖြစ်သလိုနေ သွားချင်ရာသွား လာချင်ရာလာနေခဲ့ပြီး ချန္ဒရာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်ဒီအချိန်မှာတော့ ဒေ့ဗ်ရဲ့အချစ်ရေး ဘယ်လိုဖြစ်သွားမလဲ ...ဂန္တဝင်ကားကြီး Devdas ဟာဆိုရင် IMDb 7.5/10 အထိရရှိထားပါတယ်ဒါပေမဲ့ ဒီ Dev.D ကတော့ IMDb 8/10 အထိတောင်ရရှိထားပါတယ်ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ်ရဲ့ မာတင်စကော့ဆေးလို့ တင်စားခေါ်ကြတဲ့ ဒါရိုက်တာကြီး အနျူရက်ကရှ်ယက်ကြောင့်ပါသူ့ကားတွေတိုင်းဟာ အင်မတန်ကို လက်တွေ့ဆန်မှုကိုအခြေခံထားလို့ပါပဲယခုဒီဇာတ်ကားဟာလည်း အေဆင်ဆာ (Adult Only Video) ဖြစ်သောကြောင့်အသက်မပြည့်သေးသူများ၊ ကလေးသူငယ်များ၊ မိသားစုနဲ့အတူကြည့်ရှု့ရန်မသင့်တော်ပါဘူးစကားလုံးတွေဟာ လက်တွေ့ကျကျကြမ်းတမ်းပြီး အရက်သေစာသောက်စားမှုတွေ မူးယစ်ဆေးသုံးစွဲမှုတွေ တသီကြီးပါဝင်လို့ပါပဲသမာရိုးကျဘောလီဝုဒ်ကားတွေကို ရိုးအီနေပြီဆိုရင် ဒီကားလေးမြည်းကြည့်လှည့်ပါသူမတူတဲ့ရသတစ်ခုပေးစွမ်းပါလိမ့်မယ်"ဒေ့ဗ်တိုင်းဟာ ပါရိုကိုပဲ သေသည်အထိချစ်သွားရမှာလားဒါမှမဟုတ် ချန်ဒရာမူခီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလို့ရော မရနိုင်လို့လားဗျာ"ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်.... File Size : ...
movie

Dev.D(2009)