Channel Myanmar

Asha Sarath

Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
CBI 5: The Brain (2022) 6.2
CBI 5: The Brain (2022) ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး...   File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ    
movie

CBI 5: The Brain (2022)

2022
Drishyam ( 2013 ) 8.3
Drishyam ( 2013 ) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ၂၀၁၃တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားပါ IMDb လည်း 8.3 ရရှိထားပါတယ်တော်တော်များများတော့ ကြည့်ဖူးလောက်ပါတယ် ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်တို့ ဇာတ်လမ်းအလယ်ကနေ အဆုံးထိဇာတ်ကွက်လေးတွေက တကယ်ကို အလန်းဇယားဆိုတာ ကြည့်ဖူးတဲ့လူတိုင်းသိကြမှာပါ ဒီကားလေးကို ကြည့်ပြီးတဲ့လူတွေလည်းနောက်တစ်ခေါက်ပြန်ကြည့်ရအောင် မကြည့်ရသေးတဲ့လူတွေလည်း ကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့....လေးတန်းပဲအောင်တဲ့ ဂျော့်ခူတီဆိုတဲ့လူက ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ ဂျော့်ခူတီက ရုပ်ရှင်ကြည့်ရတာကိုအရမ်းစွဲလမ်းနှစ်သက်ပါတယ် သူ့ရဲ့ဗဟုသုတတွေက ရုပ်ရှင်ကနေ ရတာပါ တစ်နေ့မှာတော့ သူတို့ရဲ့အေးချမ်းတဲ့ ဘဝထဲကို မဖိတ်ခေါ်တဲ့ဧည့်သည် တစ်ယောက်ဝင်ရောက်လာပြီး မတော်တဆမှုတစ်ခုဖြစ်သွားပါတယ် အဲ့ဒီနောက် ဂျော့်ခူတီအနေနဲ့ မိသားစုသာ သူ့ဘ၀ သူ့အရာရာအားလုံးကိုရုပ်ရှင်ထဲက ဗဟုသုတတွေကို သုံးပြီး ဘယ်လို လှည့်ကွက်တွေနဲ့ မိသားစုကို ကာကွယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်... Translated & Review By Yamin EiEncoded By LK
movie

Drishyam ( 2013 )

Drishyam 2 (2021) 8.9
Drishyam 2 (2021) Drishyam 2 (2021) မြန်မာစာတန်းထိုးမနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါရစေ...။ ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊ ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့ Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့ Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ရပါသေးတယ်။ မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကို လူတွေ ပိုသိကြပါတယ်။ အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့ Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။ (ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့ ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ...။ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက် ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာ ကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ...
movie

Drishyam 2 (2021)

2021
Bhaagamathie (2018) 7.0
Bhaagamathie (2018) Bhaagamathie (2018)_____IMDb - 7.0/10   ၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ... အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ...
movie

Bhaagamathie (2018)

2018