Channel Myanmar

Ashley Ciarra

A Million Miles Away (2023) 7.6
A Million Miles Away (2023)  ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကိုA Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကိုကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြသူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲလုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်းဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကိုစတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူးဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိမပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီးဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်းသူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ ...
movie

A Million Miles Away (2023)

Chupa(2023) 6.7
Chupa(2023) Chupa(2023)***********ချူပါကာဘရာ ရဲ့ အဓိပ္ပာယ်ဟာ "ဆိတ်သွေးစုပ်သူ"လို့ဆိုလိုပါတယ်။ အမေရိကန် ဒဏ္ဍာရီထဲမှာဆိုရင်တော့ ဆိတ်တွေရဲ့သွေးကို သောက်သုံးတဲ့ ဝက်ဝံငယ်လေးအရွယ်လောက်ရှိပြီး ခွေးနဲ့သဏ္ဌာန်တူကာပျံနိုင်တဲ့ သားရိုင်းသတ္တဝါတစ်မျိုးပါတဲ့။အဲဒီအကောင်မျိုးတွေဆီမှာ ထူးခြားတဲ့စွမ်းရည်တွေရှိလို့လူတွေက ဒီအကောင်တွေကိုရှာဖွေကြတယ်..အထူးသဖြင့် ဒဏ်ရာတွေကိုအလွယ်တကူပြန်ပျောက်စေတဲ့စွမ်းရည်ကြောင့်ပဲ...နှစ်အတော်ကြာသည့်တိုင် ရှာဖွေနိုင်ခြင်းမရှိလို့ ဒီမျိုးစိတ်ဟာ မျိုးတုံးပြီးဒဏ္ဍာရီ ဆန်ဆန် သာ ကျန်ခဲ့ပါတယ်..သို့သော်ဒီအထဲမှာ လက်မလျှော့တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်.. နောက်ဆုံးမှာ ရှားပါးမျိုးစိတ် သားအမိ(၂)ကောင်ကိုတွေ့ပြီးတဲ့နောက်မှာတော့... သူတို့တစ်ဖွဲ့လုံးဟာ အသည်းအသန် လိုက်ဖမ်းပြီးတဲ့နောက်မမျှော်လင့်တဲ့ဖြစ်ရပ်တွေ အားလုံးဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတော့တယ်...File Size :(2.2GB) and (899MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:35:00 Genre : Action, Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae   
movie

Chupa(2023)