Channel Myanmar

Ashley Park

Mean Girls (2024) 6.1
Mean Girls (2024) အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ...
movie

Mean Girls (2024)

All American Bikini Car Wash (2015) 4.3
All American Bikini Car Wash (2015) All American Bikini Car Wash (2015) ==========================ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးကတော့ ပုရိသအပေါင်းတို့ မျက်စိအစာကျွေးလို့ ကောင်းမဲ့ ကားလေးပဲဖြစ်ပါတယ်။ ခေါင်းစဉ်အတိုင်းပါပဲ။ ကားရေဆေးလုပ်ငန်းပေါ့။ ဒါပေမဲ့ ဘီကီနီဝတ်ထားတဲ့ကောင်မလေးတွေကိုယ်တိုင် Hand wash only ဆေးပေးမဲ့ ကားရေဆေးပါတဲ့ဗျာ။ မမတွေ၊ညီမလေးတွေရဲ့အလှကိုတစ်ကားလုံး မကြည့်ချင်မှ အဆုံးမြင်ရမှာပါ။ ဘွင်းရှင်းလှတဲ့ရိုက်ကွက်တွေကြောင့် ၁၈ယောက်စုကြည့်ရမဲ့ကား ဖြစ်ကြောင်းပါ။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ဂျက်ခ်က စီးပွားရေးမေဂျာကျောင်းသားတစ်ယောက်။ သူတို့အိမ်ကချမ်းသာပေမဲ့ ဖအေ ဖြစ်သူက စည်းကမ်းတင်းကြပ်သူ။ ကိုယ့်သားကိုတောင် အိမ်ငှားခတောင်းတဲ့သူမျိုး။ တစ်နေ့ကျ ဖိုင်နယ်စာမေးပွဲလည်းကျ၊ အလုပ်လည်းပြုတ်၊ ငှားခလည်းပေးစရာမရှိဖြစ် နေတုန်း ပရော်ဖက်ဆာဖြစ်သူက သူ့ကားရေဆေးလုပ်ငန်းကို တစ်ပတ်တိတိအမြတ် ရအောင်လုပ်ပြနိုင်ရင် အအောင်ပေးပေးမယ်လို့ အပေးအယူလုပ်လာတော့ စာမေးပွဲ ကျလို့ အဘေခံရတော့မဲ့ ဇာတ်လိုက်ကျော်ကြီးက လက်ခံလိုက်ပါတယ်။သူ့သူငယ်ချင်း ဂေါ်မစွံကောင်ရယ်၊ လိုက်သမျှစော်တိုင်းရနေတဲ့ စော်ကြည်ဘဲရယ် ပေါင်းပြီး ပရော်ဖက်ဆာရဲ့ရိုးရိုးကားရေဆေးလုပ်ငန်းကို ဘီကီနီကားရေဆေးလုပ်ငန်း အဖြစ် ပြောင်းပစ်လိုက်ပါတော့တယ်။ လူငယ်ဆန်ဆန်နဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်း မဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကျန်တာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြ ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.86 GB) / (857 MB) Quality............WEB-RIP 1080p / ...
movie

All American Bikini Car Wash (2015)

2015
Joy Ride(2023) 6.7
Joy Ride(2023) Joy Ride(2023)*************ပွင့်လင်းမြင်သာတဲ့အဖော်အချွတ်တစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း.... ကဲ ဘာဘီနဲ့အတူထွက်ရှိလာတဲ့ joy ride ဆိုတဲ့ဇာတ်ကားလေးကို တောင်းဆိုနေတဲ့သူတွေအတွက် ရပါပြီနော်။ ဇာတ်လမ်းအကျဥ်းကတော့အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။​လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။​လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာကသူ့ရဲ့ရည်ရွယ်ချက်ပါ။တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။​တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ကတ်နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်ကကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း...  File size…3.85GB / 1.5GB/ 666MB Quality… 4K / WEB-DL1080P / 720p Format…mp4 Duration….1h 38m Genre ….. ...
movie

Joy Ride(2023)

4K HEVC
Mr. Malcolm’s List (2022) 5.3
Mr. Malcolm’s List (2022) Mr.Malcolm's List (2022)~ Rotten Tomatoes - 82% ~ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် ...
movie

Mr. Malcolm’s List (2022)

2022