Channel Myanmar

Ashley Rickards

Struck by Lightning (2012) 6.2
Struck by Lightning (2012) ဒီရုပ်ရှင်ကို ၂၀၁၂မှာ ဒါရိုက်တာ Brian Dannelly ကရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အထက်တန်းကျောင်းသား အပယ်ခံ ကာဆန်ဖီးလစ်အကြောင်း ရိုက်ကူးထားတဲ့ ကွန်မန်ဒီရုပ်ရှင်အမျိုးအစားပါ။ မြီးကောင်ပေါက်အရွယ်လေးတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ကိုယ့်အိပ်မက်နောက်လိုက်တာတွေကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း- ကာဆန်ဖီးလစ်ဟာ ဉာဏ်ကောင်းပြီး ထေ့ငေါ့ပြောတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။သူ့ရည်မှန်းချက်ကတော့ သတင်းစာဆရာတစ်ယောက်ဖြစ်လာချင်တာပါ။ ဘာအခွင့်အရေးမှမရှိတဲ့ သူ့မြို့ငယ်လေးကြောင့် ကာဆန်ဖီးလစ်ဟာ သူ့သူငယ်ချင်းတွေကို အကြပ်ကိုင်ပြီး သူ့မဂ္ဂဇင်းကို ကူညီရေးခိုင်းဖို့ ကြံစည်ပါတော့တယ်။ ဆက်ကျော်သက်ဘဝရဲ့စိန်ခေါ်မှုတွေ၊ အိမ်ထောင်ကွဲနေတဲ့ သူ့အမေနဲ့ဆက်ဆံရေးသိပ်အဆင်မပြေတာတွေကြောင့် ကာဆန်ရဲ့ဘဝခရီးဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပါတော့တယ်။   File size…(1.5 GB)/(700 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zaw Min Htwe 
movie

Struck by Lightning (2012)

Gamer (2009) 5.7
Gamer (2009) Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie

Gamer (2009)

2009
4K HEVC