Channel Myanmar

Ashley Rose Orr

I Want a Dog for Christmas, Charlie Brown (2003) 7.0
I Want a Dog for Christmas, Charlie Brown (2003) I Want a Dog for Christmas, Charlie Brown (2003) ==================================== IMDb Rating - 7.0/10"Peanuts" ဆိုတဲ့ကာတွန်းတွေထဲက ချာလီဘရောင်းဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့အချစ်တော်ခွေးလေးစနူပီဆိုတာကို တော် တော်များများပဲသိကြမှာပါ။ သူတို့နဲ့အတူ သူငယ်ချင်းတွေဖြစ် ကြတဲ့ လူစီတို့၊ လိုင်းနပ်စ်တို့ကိုပါတွဲမြင်ကြတယ်ဟုတ်။ ဒီ "I Want a Dog for Christmas, Charlie Brown" ဆိုတဲ့ဇာတ် လမ်းလေးထဲမှာတော့ လူစီနဲ့လိုင်းနပ်စ်တို့ရဲ့မောင်ငယ်လေးရီရန်းလ်ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ဇာတ်ကြောင်းအပြင် တခြားရယ်စရာ၊ ကြည်နူးစရာလေးတွေနဲ့ အချစ်တော်ခွေးလေးစနူပီရဲ့မိသားစုအကြောင်းလေးတွေပါ တစ်ပိုင်း တစ်စပါတော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်ဆိုတာ တော့သေချာပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ရီရန်းလ်ဆိုတဲ့ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေစက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီး နေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူလူစီနဲ့၊ စောင်တကားကားနဲ့အလုပ်ရှုပ်နေတတ်တဲ့အစ်ကိုဖြစ်သူ လိုင်းနပ်စ်တို့ အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေစိတ်ညစ်ငြီးငွေ့နေ ရတာပေါ့။ အဲဒီမှာ ချာလီဘရောင်းနဲ့သူ့ခွေးလေးစနူပီတို့ကိုမြင်တော့ အားကျမိပြီး ရီရန်းလ်တစ်ယောက် သူနဲ့အတူတူဆော့ပေးနိုင်မယ့်ခွေးလေး တစ်ကောင်လိုချင်လာပါတယ်။ ဒီတော့လည်း မကြာခင်ကျရောက်တော့မယ့် ခရစ္စမတ်စ်ပွဲတော်မှာ ဆန်တာကလော့စ်ဘိုးဘိုးကြီးကိုစာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး ခွေးမွေးခွင့်ကိုဘယ်လိုမှမပြုသလို အစ်မလူစီကလည်း ဆန်တာကလော့စ် ဆိုတာ မိဘဖြစ်သူတွေသဘောမတူတဲ့အရာကိုလာပေးမှာမဟုတ်ဘူးဆိုပြီး ပြောတော့ ရီရန်းလ်လေးမှာစိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီခဏခဏသွားသွားပြီး စနူပီနဲ့ဆော့ဖို့ခေါ်တာကများများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ...
movie

I Want a Dog for Christmas, Charlie Brown (2003)

2003
The Land Before Time XI: Invasion of the Tinysauruses 5.7
The Land Before Time XI: Invasion of the Tinysauruses THE LAND BEFORE TIME XI ====================== Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါ တယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ...
movie

The Land Before Time XI: Invasion of the Tinysauruses

2005