Channel Myanmar

Ashwin Rao Pallakki

Ponniyin Selvan: Part I (2022) 8.3
Ponniyin Selvan: Part I (2022) Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie

Ponniyin Selvan: Part I (2022)

2022
4K HEVC
Nerkonda Paarvai(2019) 8.1
Nerkonda Paarvai(2019) Nerkonda Paarvai(2019)အညွှန်း***************************IMDb...8.1အမျိုးသမီးငယ်(၃)ယောက်ဟာ စိတ်လှုပ်ရှားလွန်းလို့စကားတောင်မပြောနိုင်ကြဘူး...သူတို့(၃)ယောက်ထဲက တစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့ခေါင်းကိုရိုက်လိုက်မိလို့ပြင်းထန်စွာဒဏ်ရာရသွားခဲ့တယ်...ဆေးရုံရဲ့အရေးပေါ်ခန်းထဲရောက်သွားသလို ရိုက်ခဲ့တဲ့လက်နက်တစ်ခုကြောင့်မျက်လုံးထဲလည်းအစတွေဝင်သွားခဲ့တယ်...ကြည့်ရတာအမျိုးသားတစ်စုနဲ့ အမျိုးသမီး(၃)ယောက်တို့ပြဿနာတက်ခဲ့ပုံပါပဲ...နောက်တစ်ခုက ဒဏ်ရာရတဲ့လူနာနဲ့ လူနာရှင်တွေဟာ ရဲစခန်းမှာအမှုဖွင့်ခဲ့ခြင်းမရှိခဲ့ပါဘူး..နောက်ရက်အတန်ကြာတဲ့အခါမှာ ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားရဲ့သူငယ်ချင်းအပေါင်းအပါတွေဟာသူတို့ကိုလုပ်ခဲ့တဲ့အမျိုးသမီးတစ်ဉီးကိုပြန်ပေးဆွဲပြီး မုဒိမ်းကျင့်ခဲ့ပါတယ်...နစ်နာသူအမျိုးသမီးဟာ ရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်...အတိုင်ခံရတဲ့ မုဒိမ်းမှုကျူးလွန်သူတွေထဲမှာ မြို့ရဲ့အာဏာရှိလူကြီးတစ်ယောက်ရဲ့တူတစ်ယောက်ပါဝင်နေတာကြောင့်မုဒိမ်းမှုကျူးလွန်ခံရတဲ့မိန်းကလေးကိုတောင် အသားရေဖျက်မှုနဲ့တရားပြန်စွဲလိုက်ပါသေးတယ်...အင်အားကြီးသူနဲ့ ခိုကိုးရာမဲ့နေတဲ့နစ်နာသူမိန်းကလေးတို့ ယှဉ်နိုင်စွမ်းမရှိပါဘူး...ဒါပဲမဲ့ အကြောင်းတစ်ခုကြောင့် ကင်းကွာနေတဲ့ နာမည်ကြီးရှေနေတစ်ဦးဟာ မိန်းမငယ်သုံးယောက်ရဲ့ ဒုက္ခကိုသိရှိသွားတဲ့အချိန်မှာတော့...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဗျို့...အိန္ဒိယကားကောင်းတွေနင်းကန်ကြိုက်သူတို့ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်... File Size : (2.7GB)(1.4GB) and (3580MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:30:00 Genre :  Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Nerkonda Paarvai(2019)