Channel Myanmar

Athira Patel

Bhoothakaalam (2022) 7.9
Bhoothakaalam (2022) Bhoothakaalam (2022)မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင်Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာမိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲစိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psychoသားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေမထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင်ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate
movie

Bhoothakaalam (2022)

2022
Pon Manickavel(2021) 4.9
Pon Manickavel(2021) Pon Manickavel (2021)ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသား Prab Deva ရဲ့ အကြိမ် ၅၀ မြောက်သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေအရင်ဆုံး ဇာတ်လမ်းအကျဥ်းကို ကြည့်လိုက်ကြရအောင်ပွန် မာနီကယ်လ်ဗီဆိုသူက သေနတ်ပစ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းမှာလည်းရွှေတံဆိပ်ဆုရထားတဲ့ ထိပ်တန်း ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ဒါမဲ့ ပွန်ဟာ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့ချိန်မှာပဲ ရုတ်တရက် ရဲအလုပ်ကနေနှုတ်ထွက်ပြီးတော့ ရွာပြန်ပြီး နွားကျောင်းနေပါတော့တယ်ပွန့်လို ထိပ်တန်းရဲအရာရှိတစ်ဦးက ဘာအကြောင်းကြောင့်ဒီလိုနှုတ်ထွက်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း မသိခဲ့ကြပါဘူးဒီလိုနဲ့ တစ်နေ့မှာ နာမည်ကြီး ဗဟိုရုံးကတရားသူ​​ကြီးတစ်ဦးသဲလွန်စ မကျန်အောင် ရက်ရက်စက်စက်ပစ်သတ်ခံရလိုက်ရပါတယ်ဒီအမှုကို စုံစမ်းဖို့အတွက် အထက်က မာနီကယ်လ်ဗီကို တာဝန်ပေးအပ်လိုက်တဲ့အခါ......ရွာပြန်နွားကျောင်းပြီး အထက်ကတာဝန်ပေးမှ အမှုပြန်စုံစမ်းတဲ့ ပွန်တစ်ယောက်လက်ဖက်ရည်လေးသောက်လိုက် မိန်းမနဲ့ အချိန်ဖြုန်းလိုက်နဲ့ အမှုကိုအေးဆေးစုံစမ်းနေပြန်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်ကြတော့ပါဘူးအမှုစုံစမ်းနေရင်းမှာပဲ ဆက်တိုက်ဆိုသလို နာမည်ကြီးစုံထောက်တွေပါ အသတ်ခံနေရတဲ့အခါ.....ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ???အမှုတစ်ခုနဲ့ တစ်ခုရော ဘယ်လိုတွေဆက်စပ်နေတာလဲအတိတ်တုန်းက ပွန့်ကို ရဲအဖြစ်က ...
movie

Pon Manickavel(2021)

2020