Channel Myanmar

Athmeeya Rajan

Yugi (2022) 7.8
Yugi (2022) Yugi (2022) Drama, Thriller IMDb 7.8/10အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်...ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီး​နေပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ်အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ​ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry
movie

Yugi (2022)

2022
John Luther (2022) 8.2
John Luther (2022) John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်​ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH  / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie

John Luther (2022)

2022
Puzhu (2022) 6.5
Puzhu (2022) Puzhu (2022) ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ‌ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖ‌နေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတ‌ယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်‌စေတတ်တာလည်း သိကြမှာပါပဲ။ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ...
movie

Puzhu (2022)

2022
Vellai Yaanai (2021) 8.2
Vellai Yaanai (2021) Vellai Yaanai (2021)DramaIMDb 8.5/10အသစ်ထွက်ရှိထားတဲ့ အိန္ဒိယတမီလ်ဇာတ်လမ်းကောင်းလေးကို တင်ဆက်လိုက်ပါတယ်ဒီဇာတ်ကားလေးကတော့ လယ်သမားတွေရဲ့ဘဝကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ချာတူရ်ဗက်ဒီမန်ဂလမ် ဆိုတဲ့ တမီလ်ရွာလေးဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးတော့ ရွာတွင်းမှာပဲကုန်စည်တွေဖလှယ်ပြီး စည်ကားကြွယ်ဝနေတဲ့နေရာလေးတစ်ခုပေါ့ဒီလိုသာယာနေတဲ့ရွာလေးကို တစ်နေ့မှာတော့ ဘဏ်လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးချေးငွေတွေယူဖို့ လာတိုက်တွန်းပါတော့တယ် မာရူတူး ဆိုတဲ့ ရွာသားကတော့ မယူဖို့တိုက်တွန်းပေမယ့် သူ့သူငယ်ချင်း ဗက်လား ကတော့ ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကံဆိုးမိုးမှောင်ကျတဲ့ရွာသားတွေအတွက်တော့ လယ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ကြပေမယ့်လည်း မိုးခေါင်ရေရှားမှုကြောင့် ဒုက္ခတွေ့ကြပါတော့တယ် သူတို့တွေဘဏ်ချေးငွေတွေကိုရောပြန်ဆပ်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ကြမလဲ မြေနိမ့်ရာလှံစိုက်ဆိုသလိုပဲ ဒီလယ်သမားတွေရော လောကဓံရဲ့ဒဏ်ကို ရင်ဆိုင်သွားနိုင်ကြမလား စတာတွေကို ကရုဏာရသမြောက်စွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Translated by : May Zin Oo & IdaReviewed by : May Zin OoEncoded by : YKQuality : 1080p WEB Dl DDP5.1File Size : 1.96GBDuration : 2h 7min
movie

Vellai Yaanai (2021)

2021
Cold Case (2021) 6.3
Cold Case (2021) Cold Case (2021) ================================ကဲ ပိတ်ရက်မှာ ဘောလီဝုဒ်ကားလေးနဲ့ အပန်းဖြေချင်တဲ့ CM ပရိသတ်များအတွက်ဇာတ်ကားကောင်းလေး တစ်ကား လာပါပြီနော်IMDb 6.3 ရရှိထားပြီးတော့ 30 ရက်နေ့ကမှ ပူပူနွေးနွေး အသစ်စက်စက်လေးထွက်ရှိထားတဲ့Cold Case ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်မယ်ဒီယာက သရဲအကြောင်းနဲ့ပတ်သတ်ပြီး ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရသူတစ်ယောက် ဖြစ်ပေမယ့်သူဟာ သရဲနဲ့ပတ်သတ်တာတို့ ဘာသာရေးနဲ့ပတ်သတ်တာတွေကို လုံးဝ အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါအမေချစ်သားဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းဖို့လုပ်ရင်း သမီးဖြစ်သူချင်နူးနဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာ.....အဲ့ဒီအိမ်အသစ်မှာ သူတို့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ......ရေကန်ထဲမှာ ဦးခေါင်းခွံတစ်ခုကို ရှာတွေ့ရာကနေ လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာတဲ့ ရဲမှူး ဆတ်သ်သီရာဂျီသ်သူစုံစမ်းနေတဲ့ လူသတ်မှုကရော မယ်ဒီယာရဲ့အိမ်က အဖြစ်အပျက်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ......သူတို့ နှစ်ဦးပေါင်းပြီး လူသတ်တရားခံကိုရော ဖမ်းမိနိုင်ပါ့မလား.....ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲ ​ဖြစ်ပါတယ်မှုခင်းကားကိုမှ horror လေး ထပ်ပေါင်းထည့်ထားတဲ့ ...
movie

Cold Case (2021)

2021