Channel Myanmar

Atiwat Saengtien

Pee Nak 3 (2022) 6.5
Pee Nak 3 (2022) ကြည့်ချင်လွန်းလို့ မျှော်နေကြသူတွေအတွက် Pee nak 3 ဟာ ရုံတင်ပြီး တစ်လအကြာမှာ ထွက်ရှိလာခဲ့ပါပြီ၁ နဲ့ ၂ ကြည့်ပြီးသူတွေကတော့ ဘယ်လောက်ရယ်ရကြောင်း ဘယ်လောက်‌‌ကြောက်ဖို့ကောင်းကြောင်းတွေကို သိထားပြီး ဖြစ်မှာပါအခု ၃ မှာ လည်း ၁ နဲ့ ၂ တုန်းကထက် ကြမ်းတဲ့ ဇာတ်အိမ်နဲ့ အလန်းစားရိုက်ပြသွားလို့ ထိုင်းမှာ ရုံပြည့်လျံလို့ ၂ပတ်ကနေ ၃ပတ်ထိ ပြသခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းထမ်မနာခါနိမစ်ကျောင်းတော်က သင်္ချိုင်းမြေတူးသမားအော့တ်ဟာ ဒုတိယကမ္ဘာစစ်ကာလက အုတ်ဂူတစ်ဂူကို တူးဖော်မိခဲ့တယ်အုတ်ဂူတွင်းက ရွှေခြေချင်းတစ်ခုကိုတွေ့လို့ လောဘစိတ်နဲ့ယူမိရာက ကျိန်စာမိခဲ့ပြီး အ​ရေပြားတွေက မြွေအရေခွံတွေအဖြစ်ပြောင်းလာခဲ့တယ်ဒါ့အပြင် ကျိန်စာရဲ့အစပထမဖြစ်တဲ့ ဖော့နာခ့်ကိုပါ သူပိုင်တဲ့ရွှေခြေချင်းကို ပြန်ယူဖို့ နိုးထလာစေပါတော့တယ်အော့တ်တို့ သူငယ်ချင်းတစ်စု ကျိန်စာပြေစေဖို့အပြင် အငြိုးတရားနဲ့လိုက်လာနေတဲ့ ဖော့နာ့ခ် သရဲလက်ကလွတ်ဖို့ပါ ကြိုးစားရပါတော့တယ်မရည်ရွယ်ဘဲ ထိခဲ့တဲ့ကျိန်စာကနေပြေဖို့အပြင် ဖော့နာ့ခ်လက်ကပါ အော့တ်တစ်ယောက် အသက်ဘေးလွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာ ဟာသနှောပြီးတင်ဆက်ပေးထားပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi ...
movie

Pee Nak 3 (2022)