Channel Myanmar

Aubree Stone

Miss Meadows (2014) 5.8
Miss Meadows (2014) Miss Meadows(2014)IMDb rating- 5.8ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီးသူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီအမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက်ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့်သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက်အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant)တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက်ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသားတွေ့ဆုံချစ်ကြိုက်ကြပါလေရော။အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လားဆိုတာကတော့ တွေးစရာလေးအဖြစ်ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes ကသရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင်အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…    2 GB /  844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Miss Meadows (2014)

2014