Channel Myanmar

Austin Naulty

Murdaritaville (2024)
Murdaritaville (2024) မာဗင်တို့ သူငယ်ချင်းတွေက သူတို့လေးစားအားကျရတဲ့အဆိုတော်ရဲ့ ပရိသတ်တွေ စုစည်းကျင်းပတဲ့ ပုံစံတူ တုပဖျော်ဖြေပွဲကို သွားကြည့်မလို့ ကြံရွယ်ရင်း ဖျော်ဖြေပွဲမတိုင်ခင် တောထဲက အိမ်ကြီးထဲကို အပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။အဲဒီအိမ်ကြီးကို စောင့်ရှောက်ဖို့ခိုင်းထားတဲ့ အမြဲမူးနေတဲ့ အရက်သမားကြီး ဂျိရယ်၊ ဘေးအိမ်က ဘာတွေပြောလို့ပြောနေမှန်းမသိတဲ့ ထူးဆန်းတဲ့လူကြီး ဂယ်ရတ်ရယ်နဲ့အတူ တောအုပ်ထဲက အိမ်ကြီးက သူတို့အတွက်တော့ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းခဲ့ပါတယ်။လူငယ်သဘာဝ ပျော်ပါး သောက်စားရင်း ဂိမ်းတွေဆော့ရင်းနဲ့ မာဗင်က အရက်သမားကြီး ဂျိရဲ့ အရက်တွေကို အလစ်သုတ်ဖို့ကြံရာက သူတို့သူငယ်ချင်းတစ်စုက ထူးခြားဆန်းပြားမှုတွေကို ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့.. File size…(1.4 GB)/(943 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:02:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily
movie

Murdaritaville (2024)

Battleship (2012) 5.8
Battleship (2012) Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie

Battleship (2012)

2012
4K HEVC