Channel Myanmar

Autumn Reeser

The Wedding Veil Expectations (2023) 6.7
The Wedding Veil Expectations (2023)  The Wedding Veil: Expectation ဆိုတဲ့ ဇာတ်ကားလေးကတော့ The Wedding Veil trilogy ရဲ့နောက်ဆုံးကားလေးပါဒီဇာတ်ကားလေးထဲမှာတော့ အေဗရီနဲ့ပီတာတို့နှစ်ယောက်ဟာ ရဲတိုက်လိုမျိုးခမ်းနားတဲ့ အိမ်အိုကြီးကိုဝယ်လိုက်ပါတယ် ဒါပေမဲ့ အိမ်ကိုပြန်လည်ပြုပြင်ဖို့ ဆမ်ဆိုတဲ့ကန်ထရိုက်တာကို ငှားပြီး ပြန်ပြင်ဖို့လိုတဲ့နေရာတွေကို စစ်ဆေးခိုင်းတဲ့အခါမှာ ဒီအိမ်ကြီးဟာ ကောင်းတာထက် ပြန်ပြုပြင်ရမယ့် လိုအပ်ချက်တွေအများကြီးရှိနေပါတယ်အေဗရီရဲ့အလုပ်ဖြစ်တဲ့ ပြတိုက်မှာလည်း ဇီဇာကြောင်ပြီး အတ္တကြီးတဲ့ မေဆင်ဆိုတဲ့ ဒါရိုက်တာချုပ်ပြောင်းလာပြီး အေဗရီတို့ သူငယ်ချင်းသုံယောက်ရဲ့ မင်္ဂလာခေါင်းပုံပါတဲ့ အာမီချီပန်းချီကားကို တခြားပန်းချီတွေနဲ့လဲပစ်ဖို့လုပ်ပါတော့တယ် ပီတာရဲ့အလုပ်မှာလည်း သူနှစ်သက်တဲ့ အနုပညာပရိုဂရမ်အတည်ပြုပေးဖို့အတွက် ကျောင်းကဘုတ်အဖွဲ့နဲ့ ရင်ဆိုင်နေရပါတယ် တစ်ချိန်တည်းမှာပဲအေဗရီမှာ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပြီး ပီတာကို ရိုမန်းတစ်အဆန်ဆုံးနည်းလမ်းနဲ့ဖွင့်ပြောဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အေဗရီကိုယ်တိုင်ကလည်း အလုပ်မှာ ကိစ္စတွေရှုပ်နေ ပီတာကလည်း အလုပ်ကိစ္စနဲ့ခေါင်းရှုပ်နေပြီး အိမ်​ပြင်ဖို့ကိစ္စကလည်းရှိနေပြန်ဆိုတော့ အေဗရီက သူ့ကိုယ်ဝန်အကြောင်းကို ပီတာကိုဘယ်လိုမျိုးဖွင့်ပြောမလဲ သူနှစ်သက်ရတဲ့ အာမီချီပန်းချီကားကြီးကို ပြတိုက်မှာပဲဆက်ရှိနေဖို့ သူဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.5 GB)/(780 Mb) Quality….Webrip ...
movie

The Wedding Veil Expectations (2023)

The Wedding Veil Inspiration (2023) 7.0
The Wedding Veil Inspiration (2023)  ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အခု ရုပ်ရှင်က The Wedding Veil ၆ကားထဲက တစ်ကားပါ။ ဒါပေမယ့် ၆ကားလုံးကြည့်ဖူးစရာမလိုပါဘူး ဒီတစ်ခုနဲ့ပဲ ပထမဆုံး စကြည့်လို့ ရပါတယ်။ Castတွေအနေနဲ့လည်း Carlo Marks၊ Paolo Bernardini၊ Autumn Reeserနဲ့ Kacey Rohlတို့လို့ cast အကောင်းစားတွေနဲ့ ပွဲထွက်ထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုဖြစ်ပါတယ်။ရုပ်ရှင်အကြောင်း စလိုက်ရအောင်ဗျာ။ Wedding Veil ( မင်္ဂလာခြုံပုဝါ ) မှာ စွမ်းအား တစ်ခု ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘယ်လိုစွမ်းအားလဲဆိုတော့ ခြုံပုဝါကို ပိုင်ဆိုင်ထားတဲ့ သူက အချစ်စစ်နဲ့ ရှာတွေ့မှာဖြစ်ပါတယ်။ အမ်မာက တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို သင်ကြားပြသနေတဲ့ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ အမ်မာ့မှာ လီလီလို့ ခေါ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ ...
movie

The Wedding Veil Inspiration (2023)

The Wedding Veil Journey (2023) 7.2
The Wedding Veil Journey (2023)   "အဲဒီခြုံလွှာကိုပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို အချစ်စစ်ကိုရှာတွေ့လိမ့်မယ်တဲ့"ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးတို့အတွက် ဆန်းကြယ်တဲ့မင်္ဂလာခြုံလွှာလေးကယူဆောင်ပေးလာမယ့် ချစ်ခြင်းတရားတွေကိုပြသထားတဲ့ romance ရုပ်ရှင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ထရေစီနဲ့နစ်တို့က အလုပ်တွေရှုပ်ပြီးတစ်ယောက်ကိုတစ်ယောက်အချိန်မပေးနိုင်ကြတဲ့ စုံတွဲလေးပါ ထရေစီတို့ သူတို့ရဲ့အိမ်ထောင်ရေးကိုသာယာပျော်ရွှင်အောင်လို့ ပျားရည်စမ်းခရီးလေးကိုထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်က အောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်ကြပြီးအရာအားလုံးကိုသေချာစီစဉ်တတ်တဲ့သူတွေပါ ဒါပေမဲ့ နှစ်ယောက်စလုံးက ဘာကိုမှမပြင်ဆင်ထားဘဲ သူတို့ရဲ့ပျားရည်စမ်းခရီးလေးကိုထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ သူတို့နဲ့အတူတူ အမြဲတမ်းဆောင်နေကျ ခြုံလွှာလေးကိုလည်းယူသွားတာပေါ့ အဲဒီခြုံလွှာလေးကပဲ သူတို့ဆီကို ဘယ်လိုကံကြမ္မာတွေကိုယူဆောင်လာပေးဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှူလို့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie

The Wedding Veil Journey (2023)

The Wedding Veil Legacy (2022) 7.3
The Wedding Veil Legacy (2022)  ဒီဇာတ်ကားလေးက 2022 ခုနှစ်မှာထွက်ရှိထားပြီး rainting 7.3 ရရှိထားတဲ့ Romanceအမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့ သူငယ်ချင်းသုံးယောက်အတူတူဝယ်မိခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ရှိတဲ့ မင်္ဂလာဇာပဝါခေါင်းဆောင်းလေးအကြောင်းပါ အဲ့ဒီခေါင်းဆောင်းလေးကိုပိုင်ဆိုင်ရတဲ့သူတိုင်းက သူတို့ဘဝလက်တွဲဖော်နဲ့ဆုံတွေ့ရပါတယ်တဲ့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်က ဒီဒဏ္ဍာရီကိုယုံကြည်ပြီး ဒီခေါင်းဆောင်းလေးဆောင်းပြီးချစ်တဲ့သူတွေနဲ့လက်ထပ်နိုင်ခဲ့ကြပါတယ်နောက်ဆုံးခေါင်းဆောင်းလေးကိုထရေစီဆီလက်ဆင့်ကမ်းပေးရမယ့်အလှည့်ရောက်လာပါတယ် ဒဏ္ဍာရီကိုမယုံတဲ့ထရေစီတစ်ယောက် ချစ်ရသူနဲ့တွေ့နိုင်ပါ့မလား ဒီခေါင်းဆောင်းကိုပိုင်ဆိုင်ခဲ့တဲ့ တကယ့်မူလပိုင်ရှင်အစစ်အမှန်ကရောဘယ်သူများလဲ ဒီခေါင်းဆောင်းလေးမှာတကယ်တမ်းဘယ်လိုဒဏ္ဍာရီမျိုးရှိခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ သိရှိရမှာပဲဖြစ်ပါတယ်..... File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucoris
movie

The Wedding Veil Legacy (2022)

The Wedding Veil (2022) 7.3
The Wedding Veil (2022)   1. The Wedding Veil (2022) 2. The Wedding Veil Unveiled (2022) 3. The Wedding Veil Legacy (2022) 4. The Wedding Veil Expectations (2023) 5. The Wedding Veil Inspiration (2023) 6. The Wedding Veil Journy (2023) စတဲ့ဇာတ်ကား The Wedding Veil (Sequel) ခြောက်ကားရဲ့ ပထမဆုံးဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Lacey Chabert၊ Autumn Reeser နဲ့ Alison Sweeney တို့၃ယောက် ရှေးဟောင်းပစ္စည်းဆိုင်ကနေဝယ်လာမိတဲ့ ၁၉ရာစုက သတို့သမီးမျက်နှာအုပ်ဇာပုဝါလေးတစ်ထည်ရဲ့ ဒဏ္ဍာရီနဲ့ပတ်သက်နေတဲ့အကြောင်းလေးပါ......ဒဏ္ဍာရီလေးကတော့ "ဒီပုဝါကိုပိုင်ဆိုင်ထားသူဟာ အချစ်စစ်နဲ့တွေ့လိမ့်မယ်" တဲ့......ဘယ်လိုဆန်းကြယ်မှုတွေနဲ့ဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြတော့နော်---အများကြီးမညွှန်းတော့ပါဘူးနော်--- Drama/Romance ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ Rating လည်းကောင်းသလို Sequel တွေထပ်ရိုက်ရလောက်အောင် အားပေးမှုရထားတဲ့ ဇာတ်ကားလေးဆိုတော့ ...
movie

The Wedding Veil (2022)

Beautiful Disaster (2023)
Beautiful Disaster (2023) Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie

Beautiful Disaster (2023)

Always Amore(2022) 6.9
Always Amore(2022) Always Amore(2022)*******************အဲလိဇဘတ်ဟာ ယောကျာ်းဖြစ်သူ ဆုံးပါးသွားပြီးနောက် မိသားစုကိုရော စီးပွားရေးကိုရောတစ်ဦးတည်းဦးဆောင်နေရရှာပါတယ်။ ယောကျာ်းဖြစ်သူရဲ့အမွေအနှစ်ဖြစ်တဲ့ စားသောက်ဆိုင်လေးဟာလည်းတစ်နှစ်ထက်တစ်နှစ်ရောင်းအားကျလာပြီးနောက် ပိတ်သိမ်းရမယ့်အခြေအနေကိုရောက်ရှိလာပါတယ်။ဒီအခြေအနေကနေကယ်တင်နိုင်ဖို့ဆိုပြီး စားသောက်ဆိုင်အကြံပေးဖြစ်သူ ဘန်နဲ့ ပူးတွဲအလုပ်လုပ်ဖို့အကြောင်းဖန်လာပါလေရော။ ဘန်ဟာ အကြံပေးလောကမှာ နာမည်ကြီးအောင်မြင်သူ၊အပြောင်းအလဲကိုကြိုဆိုသူပါ။ အဲလိဇဘတ်ကကျတော့ ယောကျာ်းဖြစ်သူရဲ့ အမှတ်တရအငွေ့အသက်တွေ ပျောက်ပျက်မသွားအောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်လေ့ရှိသူပါ။သူတို့နှစ်ဦးထိပ်တိုက်တွေ့ဆုံတဲ့အခါမှာတော့.....။ ပြောင်းလဲမှုတိုင်းဟာ အမြဲတမ်းဆိုးဝါးမနေဘဲအချစ်သစ် ပျော်ရွှင်မှုအသစ်ကိုတောင် ရှာဖွေတွေ့ရှိနိုင်ကြောင်းရိုက်ကူးပြသထားတဲ့ကားလေးဖြစ်ပါတယ်။File Size :(1.2GB) and (533MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Always Amore(2022)

The Wedding Veil Unveiled (2022) 7.3
The Wedding Veil Unveiled (2022) The Wedding Veil Unveiled (2022)~ IMDb rating - 7.3/10 ~ဒီကားလေးကတော့ The Wedding Veil Trilogy ရဲ့ ဒုတိယမြောက်ကား The Wedding Veil Unveiled ပဲဖြစ်ပါတယ်။ဒီဒုတိယကားမှာတော့ မင်္ဂလာမျက်နှာလွှားဇာလေးကို ရှာတွေ့ပြီး ဝယ်ယူခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲကမှ Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံရမယ့် အချိန်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အညွှန်းအတိုလေးနဲ့ ပြောပြရမယ်ဆိုရင်တော့... ဇာတ်လမ်းအစမှာ LDRS ဘဝကနေ ချစ်သူကနောက်ရည်းစားရသွားလို့ အသည်းကွဲသွားရတဲ့ Emma တစ်ယောက် အီတလီကို စာသင်ဖို့ထွက်လာရာက စထားပါတယ်။ သူအီတလီကို မထွက်ခင်မှာ သူတို့ရှာတွေ့ထားတဲ့ ဇာထည်လေးက အီတလီကဖြစ်တာကြောင့် Emma ဟာ ဒီဇာထည်ရဲ့ မူလဇာစ်မြစ်ကိုသိဖို့ သူနဲ့အတူယူသွားပါတော့တယ်။ဒီတော့ Emmaတစ်ယောက် အီတလီမှာ စာသင်ရင်းတစ်ဖက် ဇာထည်ရဲ့ဇာစ်မြစ်ကို ရှာရာက ဇာထည်ရဲ့အကြောင်းအပြင် Paolo ဆိုတဲ့လူတစ်ယောက်နဲ့ ...
movie

The Wedding Veil Unveiled (2022)

2022
The Legend of La Llorona (2022) 5.3
The Legend of La Llorona (2022) The Legend of La Llorona (2022)လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Legend of La Llorona (2022)

2022
Sully (2016)
Sully (2016) ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သဘောၤ လေယာဉ်နဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie

Sully (2016)