Channel Myanmar

Ava Grace Cooper

When Time Got Louder (2022) 7.3
When Time Got Louder (2022)  ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီးမိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့်ငယ်ဘဝပုံပြင်ကားလေးပါ...။အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကိုအားပြုပြီးဇာတ်အိမ်တည်ထားပါတယ်....မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်းသာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်ကအပျောက်မခံ ကြည့်ရှုထားရသူလေးပါ...။ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီးမိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာအမြဲစောင့်ရှောက်ခဲ့သူပေါ့...။ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်...။အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီးမိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ....ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကိုမြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ...  File size…1.33 GB / 561 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

When Time Got Louder (2022)

The Edge of Seventeen (2016) 7.4
The Edge of Seventeen (2016)  ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။NadineဟာMr.Brunerကိုသူ့ရဲ့ဘဝအခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။အဲဒီကနေစလို့သူ့ရဲ့ငယ်ဘဝကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာတွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝအလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်)  File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 44minutes Format : Mp4 Genre : Comedy,Drama Translated By May Thazin Myint Encode By Thanhtike Zaw
movie

The Edge of Seventeen (2016)

2016