Channel Myanmar

Ava Kolker

Miss Meadows (2014) 5.8
Miss Meadows (2014) Miss Meadows(2014)IMDb rating- 5.8ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီးသူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီအမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက်ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့်သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက်အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant)တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက်ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသားတွေ့ဆုံချစ်ကြိုက်ကြပါလေရော။အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လားဆိုတာကတော့ တွေးစရာလေးအဖြစ်ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes ကသရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင်အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…    2 GB /  844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Miss Meadows (2014)

2014
Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Message from the King (2016)

The Trials of Cate McCall(2013) 6.2
The Trials of Cate McCall(2013)  Genre – Crime, Drama IMDB – 6.2/10ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင်သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်းမဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်းဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်းသမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှုတစ်ခုပေါ့လေ။ အဲဒီမှာ ...
movie

The Trials of Cate McCall(2013)

Manifest West (2022) 5.4
Manifest West (2022) Manifest West (2022)(1080p ရပါပြီ)Dave က သူ့မိန်းမနဲ့ သမီးလေး ၂ယောက်နဲ့အတူ အိမ်ပြောင်းဖို့လုပ်နေတာပါ။ သူတို့က မြို့ထဲမှာနေပေမဲ့ အလုပ်ပြုတ်သွားပြီး ပိုက်ဆံမရှိတော့တာရော ကုန်ကျစရိတ်တွေများနေတာရောကြောင့် မြို့ထဲကနေ တောင်ပေါ်ကို ပြောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။တောတောင်ပေါ်မှာ အခြေချနေတဲ့သူတွေလို ကိုယ်စားဖို့ကို ကိုယ်တိုင်မွေးမြူစိုက်ပျိုး အမဲလိုက်ပြီး နေဖို့ အိမ်တစ်အိမ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။သမီးလေး ၂ယောက်ကိုလည်း အိမ်မှာပဲစာသင်ပေးမှာပါ။ အဲ့တော့ တောင်ပေါ်မှာနေရင်း သူတို့လိုအခြေချသူတွေနဲ့တွေ့တဲ့အခါ ဘာဆက်ဖြစ်ကြမလဲ ?(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size          : 1GB, 386MB, 201MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie

Manifest West (2022)

2022
Insidious: The Last Key (2018) 5.8
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: The Last Key (2018)

2018