Channel Myanmar

Ava Torres

Match Me If You Can (2023)
Match Me If You Can (2023) လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ...
movie

Match Me If You Can (2023)

The Quest for Tom Sawyer’s Gold (2023) 5.1
The Quest for Tom Sawyer’s Gold (2023) The Quest for Tom Sawyer's Gold (2023) =============================မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ ...
movie

The Quest for Tom Sawyer’s Gold (2023)

2023
A Baby at Any Cost (2022) 5.6
A Baby at Any Cost (2022) A Baby at Any Cost (2022) ====================ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ .....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်)File Size..........(1.74 ...
movie

A Baby at Any Cost (2022)

2022