Channel Myanmar

Avan Jamal

The Exam (2021)
The Exam (2021)    ဘယ်သူ့ဆီကမှ ကိုယ်မလုပ်ချင်တဲ့အရာကိုတိုက်တွန်းတာမခံနဲ့ " ဒီလိုပဲ ဘဝမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေဆိုတာ ဘယ်သူမဆို အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်။တခါတစ်လေ လက်ခံလိုက်ရတဲ့အခါတွေရှိသလို တခါတစ်လေ တွန်းလှန်နိုင်သွားတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဘဝမှာကိုယ်မလုပ်ချင်တဲ့အရာတွေနဲ့ကြုံလာရင် ဘယ်လိုနည်းနဲ့ဖြေရှင်းသင့်လဲ...ရွေးချယ်စရာတွေမရှိတော့တဲ့အခါ ရွေးချယ်စရာ(option)ကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ ဒါပေမဲ့တချို့တွေကတော့ ကိုယ်ပိုင်optionကိုမဖန်တီးနိုင်ခင်မှာပဲ ပင်ပန်းသွားကြတယ်။ဒီဇာတ်လမ်းထဲမှာတော့ ရှီလန်နဲ့ ရိုဂျင် ညီအစ်မနှစ်ယောက်မှာ အ​ဖေဖြစ်သူက သမီးအငယ်ဖြစ်တဲ့ရိုဂျင့်ကို စာမေးပွဲမအောင်ရင် အိမ်ထောင်ချပေးဖို့အမိန့်ချထားခဲ့တယ်။ ဒါကြောင့်ပဲ အစ်မဖြစ်တဲ့ရှီလန်က နည်းမျိုးစုံသုံးပြီး ရိုဂျင့်ကိုကယ်တင်ဖို့ကြိုးစားတယ်။ သူမကိုယ်တိုင်အိမ်ထောင်ရေးမှာစိတ်မချမ်းသာရတဲ့အတွက် သူမရဲ့ညီမရိုဂျင်ကိုလည်း သူမနဲ့ထပ်တူညီတဲ့ကံကြမ္မာမျိုးမခံစားရစေချင်တာပါ။ ဒါပေမဲ့... တကယ်ပဲ ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာကထပ်တူမကျဘူးလား နောက်ဆုံးမှာ ကျရာကံကြမ္မာကိုလက်ခံလိုက်ရမလား တွန်းလှန်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။ပတ်ဝန်းကျင်မှာမမြင်ဖူးမကြားဖူးရင်တောင် တကယ်ဖြစ်လေ့ရှိတတ်မှန်းတော့သိနိုင်တဲ့ဇာတ်လမ်းမျိုးနဲ့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(1.3 GB)/(741 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Exam (2021)