Channel Myanmar

Axel Nu

Rogue One: A Star Wars Story (2016) 8.1
Rogue One: A Star Wars Story (2016) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Rogue One: A Star Wars Story (2016)

2016
4K HEVC
Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie

Fast and Furious Presents: Hobbs & Shaw

2019