Channel Myanmar

Ayano Nakamura

Blue (2002) 6.6
Blue (2002) “ ငါတို့နှစ်ယောက် အတူတူနေကြမှာလား...တကယ့်အတွဲတွေလိုပေါ့” လို့မေးတဲ့သူနဲ့ “ငါတို့က တကယ့်အတွဲတွေပဲလေ” လို့ပြန်ဖြေတဲ့သူ... ဘယ်သူက ပိုလေးနက်တာလဲ ? ၂၄ ကြိမ်မြောက် မော်စကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မင်းသမီးဆုရရှိခဲ့တဲ့ဂျပန်ဒရာမာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ ။ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ခင်မင်မှုအကြောင်းကိုအသားပေးရိုက်ကူးထားပြီး သူတို့ရဲ့သဘာဝ၊ စိတ်ခံစားချက်၊ ခံယူချက်တွေကိုအကွက်ကျကျရိုက်ပြထားပါတယ်။ ကီရိရှီးမားကတော့ ကျောင်းမှာ အေးအေးဆေးဆေးနေတတ်ပြီးသူငယ်ချင်းအများကြီးမရှိပါဘူး။ အန်ဒိုဆိုတဲ့ နှစ်ကျကျောင်းသူနဲ့ တစ်တန်းတည်းတက်နေပြီးတစ်ဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့ကြပါတယ်။ အန်ဒိုကလည်း ကျောင်းတစ်နှစ်နားထားတဲ့သူဆိုတော့အတန်းတူသူငယ်ချင်းမရှိသေးသလို ကီရိရှီးမားကလည်းအပေါင်းအသင်းမများတော့ အတန်းထဲမှာ တတွဲတွဲဖြစ်လာခဲ့ပါတယ်။ သူ့အိမ်ကိုယ့်အိမ်အထိသွားလည်ပြီးနောက် ရင်းနှီးမှုတွေနောက်တစ်ဆင့်တက်ခဲ့ကြပြီးမှ နွေရာသီကျောင်းပိတ်ရက်မှာအန်ဒိုတစ်ယောက် ပျောက်သွားခဲ့ပါတယ်။ အန်ဒိုဘာလို့ပျောက်သွားရတာလဲ ?အန်ဒိုဘာလို့ ကျောင်းနားခဲ့ရတာလဲ ?အန်ဒိုနဲ့ကီရိရှီးမားတို့နှစ်ယောက်ကရောဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာဆက်ကြည့်လိုက်ပါတော့နော်.... File size…    1.3 GB /  784 MB Quality… WebRip 1080p / 720p Format… mp4 Duration…. 1h 56m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Blue (2002)