Channel Myanmar

Ayesha Raza Mishra

Befikre (2016) 4.1
Befikre (2016) Befikre (2016) =================== "ပါရီမြိုကို သက်သေတည်"CM ပရိသတ်ကြီးအတွက် ချိုမြိန်ပြီး ချစ်ဖိုကောင်းတဲ့ ၂၀၁၆ က ဟင်ဒီရိုမန့်ဇာတ်လမ်းအဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ်သရုပ်တောင် အချောအလှတွေတင်မက အရောင်အသွေးစုံလင်တဲ့ ပဲရစ်မြိုကြီးကို နောက်ခံထားပြီး ရိုက်ထားတာဆိုတော့ ရိုမန့်တစ်မဆန်မှာတော့ မပူနဲ့ကမ္ဘာ့ပေါ်မှာ ရိုမန့်တစ်အဆန်ဆုံး မြိုလေးအဖြစ် ပဲရစ်မြိုလေးကို သတ်မှတ်ထားကြတာ အားလုံးသိမှာပါ ရမ္မက်ပြင်းတဲ့ french kiss ဆိုတဲ့ သမုတ်ချက်တွေလည်း ရှိတဲ့အပြင် သော့ခလောက်တွေ တံတားဘောင်မှာ အစုလိုက်အပြုံလိုက် ခတ်ပြီး ချစ်သက်သေတည်တယ်ဆိုတာတွေလည်း ကြားဖူးမှာပါဇာတ်လမ်းလေးကတော့ အတော်လေးရိုးရှင်းပါတယ် အိန္ဒိယဖွား ရယ်ရယ်မောမော နေတတ်တဲ့ ဟာသပညာရှင် ဒါရမ်နဲ့ အိန္ဒိယသွေး/ပြင်သစ်သူ ဖြစ်တဲ့ တိုးဂိုက် ရှာယာတို ရိုမန့်မြိုတော် ပဲရစ်မှာ ဆုံကြတယ်ပေါ့ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ တောသားမြိုတက် ဒါရမ်တို အဝေမတည့်တာတွေ ခဏခဏ ဖြစ်ကြပေမယ့် ရန်ဖြစ်လိုက် ပြန်အဆင်ပြေသွားလိုက်ပါပဲဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တည်းနေဖို ကိုယ်စီကိုယ်ငှ ဆုံးဖြတ်ကြပေမယ့် ပဲရစ်မြိုက အမှတ်တရတွေက မနေသာလို ပြန်ဆုံကြပြီး လမ်းခွဲခြင်းသော့ခလောက်ကို နှစ်ဦးသဘောတူ တိုင်တည်ကာ "သူငယ်ချင်းတွေလို" နေဖို ဆုံးဖြတ်လိုက်ပေမယ့်...တကယ်တမ်း ...
movie

Befikre (2016)

2016
Tell It Like a Woman (2022)
Tell It Like a Woman (2022) Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie

Tell It Like a Woman (2022)

2022
Student of the Year 2(2019) 2.1
Student of the Year 2(2019)  Student Of The Year 2 (2019)ဒီတစ်ပတ်အတွင်း bollywood ကားသစ်တွေ တွေ့ရတဲ့အထဲက ဒီဇာတ်ကားလည်း တောင်းဆိုထားကြတာမို့ အမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါတယ်။အညွန်း..Tiger Shroffကတော့ ပီရှိုရီကျောင်းမှာ ရိုဟန်ဟာ အားကစားဘက်မှာ အတော်ဆုံးပဲ။ အထူးသဖြင့် ကာဘာဒီကစားနည်းမှာ။ပြိုင်ဖက်ကင်းတဲ့ လူတစ်ယောက်.... ဒီနယ်ကျောင်းတစ်ခုမှာ ရတဲ့ အောင်မြင်မှုကို သူ မကျေနပ်သေးပါဘူး။သူတက်ချင်တဲ့ ကျောင်းက... စိန့်ထရီဇာ၊ စိန့်ထရီဇာမှာ 'Student Of The Year' ဆုကို ရဖို့၊ ဒီအပြင် အဲ့ကျောင်းမှာ တက်ချင်ရတဲ့ တခြား အကြောင်းရင်းလည်း ရှိပါတယ်။သူ့ချစ်သူ အဲ့ကျောင်းကို ပြောင်းသွားလို့ပါ။ တစ်ဖက်က ချစ်သူအဖို့၊ တစ်ဖက်ကတော့ ဂုဏ်ဆောင်ကျောင်းသား ဆုရဖို့၊တစ်နေ့မှာတော့ သူဟာ ... အားကစားအထူးပြုပညာတော်သင်ခွင့်နဲ့ စိန့်ထရီဇာ ကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ချစ်သူတစ်ဖက်၊ ဆုတစ်ဖက်နဲ့ သူ့အတွက် ပြိုင်ဖက်တွေက ဘယ်လိုတွေ ဖြစ်လာမလဲ။ ဘယ်အရာတွေက သူ့အတွက် ခက်ခဲလာမလဲ။ ဘယ်လို အဆိုးဆုံးတွေ ရလာမလဲ။'Student Of The Year' ဆုကိုရော တကယ် ရပါ့မလား ဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုကြပါဦးခင်ဗျ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Koe ပဲဖြစ်ပါတယ်File ...
movie

Student of the Year 2(2019)

2019