Channel Myanmar

Ayez Kassar

Marlina the Murderer in Four Acts (2017) 6.9
Marlina the Murderer in Four Acts (2017)  ၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာတော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကိုအပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်းလုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Marlina the Murderer in Four Acts (2017)

Sewu Dino / A Thousand Days (2023) 6.6
Sewu Dino / A Thousand Days (2023) Sewu Dino (2023)IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Sri က ဆင်းရဲတဲ့ မိသားစုက ကောင်မလေးဖြစ်ပြီးတော့ အဖေဆေးကုဖို့အတွက် ပိုက်ဆံလိုနေလို့ Atmojo မိသားစုက လစာအများကြီးပေးပြီး အမျိုးသမီးအိမ်အကူတွေ ခေါ်တဲ့အလုပ်ကို လျှောက်လိုက်မိပါတယ်။ ကံကောင်းချင်တော့ အလုပ်ရသွားပေမယ့် သူအလုပ်လုပ်ရမယ့်နေရာကို ခေါ်သွားတော့မှ လူသေကို ရေချိုးပေးရတဲ့ အလုပ်ဖြစ်နေမှန်း သိလိုက်ရတယ်။အဲဒီရိုးရာကို ညနေ နေဝင်ရီတရောအချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပြီးတော့ ရက် ၁၀၀၀ ပြည့်တဲ့အထိ လုပ်ပေးရမှာပါ။ သူတို့ရေချိုးပေးရမယ့်သူကတော့ Atmojo မိသားစုရဲ့ မြေးဖြစ်တဲ့ Della ကိုပါ။ Della ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေပြီးတော့ အဲဒီမကောင်းဆိုးဝါးက ရက် ၁၀၀၀ အတွင်း အပြင်ထွက်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတဲ့အခါမှာ Sri တို့တွေ ရက် ၁၀၀၀ ပြည့်တဲ့အထိ နေနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
movie

Sewu Dino / A Thousand Days (2023)

2023
Crazy Awesome Teachers 2020 6.1
Crazy Awesome Teachers 2020 ကမ္ဘာပေါ်မှာ သူအချစ်ဆုံးက ပိုက်ဆံနဲ့ အမုန်းဆုံးက ကျောင်းဆရာတွေ လို့ခံယူထားတဲ့ Mr.Taat ။ မမျှော်လင့်ဘဲ အငှားကျောင်းဆရာ အလုပ်လည်းလုပ်လိုက်ရတယ် ။ ကျောင်း၀န်ထမ်းတွေရဲ့ လစာတွေ အကုန်ခိုးခံ လိုက်ရတဲ့အချိန်မှာတော့ သူ အဲ့ပိုက်ဆံတွေကိုပြန်ရှာဖို့ ကြိုးစားပေးမှာလား သူကိုယ်တိုင်ကလည်း ပိုက်ဆံမက်တဲ့သူဆိုဖြစ်နေတော့ သူခိုးတွေနဲ့ပဲ ပေါင်းကြံမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြည့်ပါဦးခင်ဗျာ.... Netflix မှာ ထွက်ထားတာပူပူ‌နွေးနွေးရှိသေးတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပြီး Gading Marten , Dian Sastrowardoyo ,Faradina Mufti တို့ကအဓိက သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးက မိဘနဲ့ သားသမီးကြားက ပြသာနာလေးတွေ ဆရာတွေရဲ့ဘ၀ ဆရာနဲ့ တပည့်တွေကြားက မေတ္တာ စတာတွေကို ဟာသ‌နှောပြီး တင်ဆက်ပြသထားလို့ တကယ်ကိုကောင်းတဲ့ ရသစုံခံစားရတဲ့ ဇာတ်ကားတစ်ကားပါ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Oo Lwin ပဲဖြစ်ပါတယ် File Size   ...
movie

Crazy Awesome Teachers 2020