Channel Myanmar

Ayumu Saitô

One Million Yen Girl (2008) 7.1
One Million Yen Girl (2008) One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie

One Million Yen Girl (2008)

2008
Ju-on: The Grudge 2 (2003) 6.3
Ju-on: The Grudge 2 (2003) Ju-On: The Grudge 2 (2003)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ...
movie

Ju-on: The Grudge 2 (2003)

Hotel Royal (2020) 5.6
Hotel Royal (2020) Hotel Royal 2020လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစ‌တယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ...
movie

Hotel Royal (2020)