Channel Myanmar

Azman Hassan

Gemencheh Boys (2023) 8.3
Gemencheh Boys (2023) Gemencheh Boys 2024 (ဂမန်ချန်းက လူဆိုးလေးများ) IMDb- 8.3/10ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးတင်ဆက်ပေးထားတဲ့ ဆရာ့မေတ္တာဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊ အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။ သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။ တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာ လူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်မဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာ အနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ ..... ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ ..... ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ ..... လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ...
movie

Gemencheh Boys (2023)

2023
I Don’t Want to Sleep Alone (2006) 6.9
I Don’t Want to Sleep Alone (2006) I Don't Want to Sleep Alone (2006)~ IMDb - 6.9/10, Rotten Tomatoes - 88% ~" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် "ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ ...
movie

I Don’t Want to Sleep Alone (2006)

2006
Crossroads: One Two Jaga (2018) 7.4
Crossroads: One Two Jaga (2018) မှုခင်းကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက်၂၀၁၈ ခုနှစ်ထွက် One Two Jaga ဆိုတဲ့ မလေးရှား ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်IMDb 6.7/10 ရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားထဲမှာ မလေးရှားနိုင်ငံက တရားမဝင်ပြောင်းရွေ့နေထိုင်သူတွေရဲ့ ဘဝကိုရိုက်ပြထားပြီး မလေးရဲတွေရဲ့ လာဘ်စားပုံတွေကိုလည်း ရိုက်ပြထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အင်ဒိုနီးရှားကလာရောက်အလုပ်လုပ်တဲ့ကလေးတစ်ယောက်ဖခင်လည်းဖြစ်တဲ့ အလုပ်သမားတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်နေရင်းကနေ သူ့လိုပဲ အင်ဒိုကနေ လာရောက်အလုပ်လုပ်တဲ့ သူ့ညီမဟာ အလုပ်ခွင်မှာ ပြဿနာဖြစ်ပြီးအင််ဒိုနီးရှားကိုပြန်ဖို့ သူ့ဆိီကို အကူအညီလာတောင်းပါတော့တယ်…။သူှုညီမရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံးဟာ အလုပ်ရှင်ဆီမှာကျန်ခဲ့တဲ့အတွက်လေလောဆယ်တရားမဝင်နေထိုင်သူလိုဖြစ်နေတဲ့အတွက်ကြောင့် သူ့ကို အင်ဒိုပြန်ပို့ဖို့ ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲပရိသတ်ကြီးကို်ယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1h 25min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle ...
movie

Crossroads: One Two Jaga (2018)

2018