Channel Myanmar

Baek Soo-Jang

The Juror (2019) 7.1
The Juror (2019) အရင် ဟိုးရှေးရှေးတုန်းကလိုပဲ ပြောရမလားရှေးမြန်မာတွေရဲ့ တရားစီရင်တဲ့နည်းလမ်းက အပြစ်ရှိသူကို သမာသမတ်ရှိတဲ့ လူကြီးတွေကို သူကြီးကခေါ်ပြီးတရားခံအပြစ်ရှိမရှိ ဝိုင်းပြီး စီရင်ဆုံးဖြတ်စေပါတယ်တဲ့။အဲဒါကို သဘောကျလို့ဖြစ်မယ်။အနောက်တိုင်း တရားစီရင်ရေးမှာ ဂျူရီလို့ခေါ်တဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ကို တရားသူကြီးက စီရင်ချက်ချရာမှာ အကူအညီဖြစ်အောင် ခေါ်ထားပါသတဲ့။ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံးတရားခွင်ပါ။ဂျူရာ ...
movie

The Juror (2019)

2019
Rampant (2018) 6.1
Rampant (2018) လီချွမ်ဟာ ဂျိုဆွန်းမင်းသား တစ်ပါးဖြစ်ပြီး စစ်ရှုံးခဲ့တဲ့အတွက် ချင်မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါ တယ်။လီချွမ်ဟာ အရမ်းတော်တဲ့ ဓားသမားတစ်ယောက် ဖြစ်ပေ မယ့် အရက်သေစာသောက်စား တာ၊ မိန်းမလိုက်စားတာ၊ လောင်းကစားလုပ်တာတွေမှာလည်း ပျော်မွေ့သူတစ်ယောက်ပါ။တစ်ရက်မှာတော့ လီချွမ်ရဲ့ အစ်ကို အိမ်ရှေ့မင်းသား လီ ယောင်ဟာ ဂျိုဆွန်းထီးနန်းပြန်ရခဲ့ တဲ့အတွက် လီချွမ်ကို ဂျိုဆွန်းကို ပြန်ခေါ်ခဲ့ပါတယ်။လီချွမ်အဖို့ တော့ ဆယ်နှစ်ကျော်ကြာမှ ဂျိုဆွန်းမြေပေါ် ပြန်ခြေချခွင့်ရတာ ဖြစ်ပါတယ်။လီချွမ်ဂျိုဆွန်းကို ပြန်ရောက် တာနဲ့ ဂျိုဆွန်းမှာ ထိတ်လန့်ဖွယ် ရာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လို့နေပါတယ်။အဲဒါကတော့ ကြောက်စရာ မကောင်းဆိုးဝါး တွေ ညအချိန်ထကြွသောင်းကျန်း တာမို့ လူတွေအစုလိုက်၊ အပြုံ လိုက် သေဆုံးခဲ့ရလို့ပါ။လူအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ကိုက်ဖြတ်သတ် ဖြတ်ရင်း ရောဂါတွေကူးကုန်တာ ဘယ်လိုမှ ထိန်းမနိုင်တဲ့ အနေ အထားအထိအောင် ...
movie

Rampant (2018)

2018
Miss Baek (2018) 6.8
Miss Baek (2018) ဒီကား​​လေးက​​တော့ child abuse အ​ကြောင်းရိုက်​ထားတဲ့ဇာတ်​လမ်း​လေးပါ တကယ့်​ဖြစ်​ရပ်​မှန်​ကိုရုပ်​ရှင်​ရိုက်​ထားတာဆို​တော့ ရင်​ထဲ​တော်​​တော်​ထိပါတယ်​ ( ဘာသာပြန်​ရင်းမျက်​ရည်​​တောင်​ကျတယ်​ ) သရုပ်​​ဆောင်​​တွေကလည်းတကယ့်​အပိုအလိုမရှိသရုပ်​​ဆောင်​ထားတာပါ ​ message ​တွေအများကြီးနဲ့တကယ့်​အနှစ်​ကား​လေးပါ ကြည့်​ပြီးရင်​ ရင်​ထဲတစ်​ခုခု​တော့ကျန်​ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးက​တော့ ​​​ဘတ်​ဆန်းအာ(miss beak) ဟာ လူသတ်​ဖို့ကြိုးစားမှုနဲ့​ထောင်​ကျဖူးတဲ့အမျိုးသမီးတစ်​​ယောက်​ ငယ်​စဉ်​ကတည်းအ​ကြောင်းအမျိုးမျိုး​ကြောင့်​ အ​မေအရင်းက​နေစွန့်​ပစ်​တာကိုခံခဲ့ရတယ်​ ဒီလိုနဲ့ဘ၀ကိုဖြစ်​သလိုရပ်​တည်​လာရင်း မထင်​မှတ်​ပဲ​အေးစက်​​နေတဲ့​ဆောင်းညတစ်​ညမှာ လမ်း​ဘေးမှာထိုင်​ပြီးခိုက်​ခိုက်​တုန်​​နေတဲ့ ကိုးနှစ်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့​စ​တွေ့ခဲ့တယ်​ အဲ့က​လေးမ​လေးကလည်းအ​ဖေအရင်းနဲ့ အ​ဖေဖြစ်​သူရဲ့အတူ​နေရည်းစားရဲ့နှိပ်​စက်​မှု​တွေကို အရွယ်​နဲ့မလိုက်​​အောင်​ခါးစည်းခံ​နေရတဲ့က​လေးမ​လေး ဒီက​လေးမ​လေးကိုဘတ်​ဆန်းအာက​တွေ့သွားတဲ့အချိန်​မှာ ဘတ်​ဆန်းအာက သူ့မရဲ့အတိတ်​ကဘ၀ကိုသတိရသွားပြီး ဒီက​လေးမ​လေးအ​ပေါ်သနားသွားပါ​တယ်​ ဘတ်​ဆန်းအာကဒီ​က​လေးမ​လေးရဲ့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေကို​တွေ့ပြီး က​လေးမ​လေးကိုနှိပ်​စက်​ကြတဲ့အ​ကြောင်းကိုသိသွားပါ​တော့တယ်​ ဘတ်​ဆန်းအာနဲ့ဒီက​လေးမ​လေး​တွေ့ပြီး ​ ဘာ​တွေဆက်​ဖြစ်​မှာလဲ ဒီက​လေးမ​လေးကို​ရော ဘတ်​ဆန်းအာကကယ်​တင်​နိုင်​မှာလား ဘတ်​ဆန်းအာကို​ရော သူ့အ​မေကဘာလို့စွန့်​ပစ်​သွားခဲ့တာလဲ ဆိုတာ​တွေကို​တော့ ဇာတ်​လမ်းထဲမှာပဲကြည့်​​ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie

Miss Baek (2018)

2018
A Single Rider (2017) 6.6
A Single Rider (2017) မန်နေဂျာ ကန်ဂျေဟွန်းဟာ သူ့ကုမ္ပဏီဒေ၀ါလီခံသွားရလို့ စိတ်ပျက်နေသူပါ။သူဟာသူ့မိန်းမနဲ့သားရှိတဲ့ သြစတြေးယားကို လိုက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ဟိုရောက်တော့ သူ့မိန်းမနဲ့ကလေးဟာ သူမရှိပဲ အဆင်ပြေနေတာတွေ့ပါတော့တယ်။သူ့မိန်းမနဲ့ အိမ်နီးချင်းဖြစ်သူရဲ့ ဆက်ဆံရေးကိုမသင်္ကာဖြစ်လို့ ခပ်လှမ်းလှမ်းကနေစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။နောက်တော့ ဂျီနာဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး ကူညီပေးရင်းနဲ့ ထင်မှတ်မထားတဲ့ အမှန်တရားကထိတ်လန့်ဖွယ် သိသွားပါတော့တယ်။ဒီဇာတ်ကားဟာဆိုရင် နိုင်ငံခြားကို အလုပ်သွားလုပ်တဲ့သူတွေ သနားစရာကောင်းပုံ၊ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရသူယုံကြည်မှုကိုအသုံးချသူတွေအကြောင်း ပြသထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က Rebel ပါ)  File Size : (700 MB) and (270 MB) Quality : Bluray 720p Running Time : 1hr 49min Format : Mp4 Genre :Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Rebel Encode by Thanhtike Zaw
movie

A Single Rider (2017)

2017
Anarchist from Colony (2017) 7.1
Anarchist from Colony (2017)   "Anarchist from Colony" ဇာတ်ကားဟာ Park Yeolလို့ခေါ်တဲ့ ဘုရင်စနစ်ကို မုန်းတီးတဲ့ မင်းမဲ့ဝါဒီတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရန်မှန်ရုပ်ရှင်ဖြစ်ပါတယ်... 2017, Juneလတုန်းက ရုံတင်ထားတာပါ... ဒီဇာတ်ကားဟာ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကိုကျရောက်နေတဲ့ 1923ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်... Park Yeol ဟာ ကိုရီးယားလူမျိုး14ယောက်နဲ့ဂျပန်လူမျိုး5ယောက်ပါဝင်တဲ့ "The Revolt"ဆိုတဲ့တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းထားခဲ့ပြီးတော့ မင်းမဲ့ဝါဒီသမားတစ်ယောက်ဖြစ်တဲ့အတိုင်း ဂျပန်အိမ်ရှေ့မင်းသား Hirohitoကိုလုပ်ကြံဖို့ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်မှာ Kentoငလျင်ကြီး အပြင်းအထန်လှုပ်ခတ်သွားခဲ့တဲ့အတွက် အခြေအနေတွေပြောင်းလဲကုန်ပါတယ်... အပြစ်မဲ့တဲ့ကိုရီးယားလူမျိုးထောင်နဲ့ချီပြီး ဂျပန်တွေရက်ရက်စက်စက်သတ်တာခံခဲ့ကြရတယ်... ဒီကားမှာ ဂျပန်တွေရဲ့လူမဆန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ကိုရီးယားတွေကို ကရုဏာသက်နေတဲ့ဂျပန်မလေး Kaneko Fumikoနဲ့ Park Yeolတို့ရဲ့အချစ်ဇာတ်လမ်းကိုပါတွေ့ကြရမှာပါ... ကိုရီးယားလူမျိုးတွေကိုအစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စကို နိုင်ငံတကာမသိအောင် အာရုံလွှဲချင်တဲ့ ဂျပန်အစိုးရက ဘာတွေဆက်လုပ်မလဲ...Park Yeolတို့ကရော ဒီကိစ္စကို ကမ္ဘာကသိသွားအောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ ဒီဇာတ်ကားမှာ Park Yeol အဖြစ် Lee Jae Hoonနဲ့ Kaneko ...
movie

Anarchist from Colony (2017)

2017