Channel Myanmar

Bailey Chase

Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
Left Behind: Rise of the Antichrist (2023) 4.6
Left Behind: Rise of the Antichrist (2023) Left Behind: Rise of the Antichrist (2023) =============================ဒီနေ့မှာတော့ Tim LaHaye နဲ့ Jerry B. Jenkins တို့ရဲ့ နာမည်ကြီး ဝတ္ထုစီးရီးတွေကို ပြန်ရိုက်ကူးထားတဲ့ Left behind ရုပ်ရှင်စီးရီးတွေ ထဲက 2023 မှာ ထွက်ထားတဲ့ Left Behind: Rise of the Antichrist ကို တင်ဆက်ပေးသွားမှာပါ။ကိုဗစ်ကပ်ဘေးဒုက္ခကို ရင်ဆိုင်အပြီးမှာ တစ်ကမ္ဘာလုံး ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ တစ်ချိန်တည်းမှာ လူသန်းနဲ့ ချီပြီး ရုတ်တရက်ပျောက်သွားတာ ဖြစ်ပါတယ်။ လူတွေအားလုံး စိုးရိမ်ထိတ် လန့်မှုတွေ ကြောက်လန့်မှုတွေ ခံစားနေရပြီး အကြမ်းဖက်မှုတွေ မကောင်း မှုတွေလည်း ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခ အတိနဲ့ အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကပ် ဘေးဒုက္ခကနေ ရှင်သန်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ဘေးဒုက္ခတွေ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုလာပါတယ်။ ...
movie

Left Behind: Rise of the Antichrist (2023)

2023
Walk. Ride. Rodeo (2019) 6.4
Walk. Ride. Rodeo (2019) မြင်းစီးပြိုင်ပွဲရဲ့အကျော်အမော် အမ်ဘလေစနိုင်ဒါ ဟာကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာ အောက်ပိုင်းသေခဲ့ပါ တယ်သူမချစ်တဲ့အားကစားကိုလည်းလုပ်ဖို့နေနေသာသာလမ်းမလျောက်နိုင်တော့တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ရပြီးတဲ့နောက်ပြန်လည်ထူထောင်နိုင်မလားသူမချစ်တဲ့အရာကိုလုပ်ဖို့စိတ်အားထက်သန်နေတဲ့အခါအခက်အခဲတွေကို ဖြတ်ကျော်ပြီးဖြစ်အောင်လုပ်နိုင်မလားတခါတလေမှာ ဘဝကကိုယ်လိုချင်တာတွေမဖြစ်ပဲဘဝကပေးတဲ့အရာတွေကို မလိုချင်ပဲလက်ခံလိုက်ရတာ တွေ ရှိခဲ့ဖူးပါသလား????စိတ်ဓာတ်ကျအားငယ်ပြီး ဘဝကို အရှုံးပေးချင်စိတ်တွေကော ဖြစ်ခဲ့ဖူးလားဗျအဲ့တာဆိုရင်တော့ ဒီဇာတ်ကားလေးကိုသေချာပေါက် ကြည့်လိုက်ပါအခက်အခဲအတားအဆီးတွေနဲ့ကြုံတွေ့ရ တာတောင်ဇွဲ့မလျော့တဲ့ ဇာတ်ကောင်ကိုကြည့်ရှုခံစားရမှာ ပါဘဝကို ကိုယ်လိုချင်တာ ရွေးပြီးဖြစ်ခိုင်းလို့မရပေမဲ့ဘဝကပေးတဲ့ခါးသီးတဲ့အရာတွေကို ရရှိပြီးတဲ့နောက်မှာအိပ်မက်တွေရိုက်ချိုးခံလိုက်ရပြီးတဲ့နောက်မှာဘဝကပြီးသွားပြီလို့ ထင်နေရင် မှားပါလိမ့်မယ်အိပ်မက်အသစ်တွေနောက်ကို လိုက်လို့ရပါသေးတယ်ဇာတ်ကားထဲမှာ စိတ်ဓာတ်တက်ကြွစရာစကားလုံးများစွာ လည်းပါဝင်တာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါ File Size : ( 934 MB , 337 MB ) Quality : WEB-DL 720p Running Time ...
movie

Walk. Ride. Rodeo (2019)

The Boy Next Door (2015) 4.7
The Boy Next Door (2015) The Boy Next Door (2015)_____IMDb - 4.7/10  မင်းသမီးချော ဂျန်နီဖာလိုပက်စ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ Channelmyanmar ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်..Review လေးကိုကြည့်ရအောင် ဒီ Movie Version က censored ဗားရှင်းဖြစ်တဲ့အတွက် 18+ ဇာတ်ဝင်ခန်းများမပါဝင်ပါဘူး Uncensored ဗားရှင်းကလည်း စာတန်းဖိုင်အခက်အခဲ ဖြစ်တဲ့အတွက် တင်ပေးဖို့သိပ်အဆင်မပြေပါ ဒါကြောင့် ဒီ Movie က ဖြတ်ထုတ်ထားတဲ့ သီးသန့်ဇာတ်ဝင်ခန်းတစ်ခန်းကိုလည်း အပိုလင့် နဲ့တွဲထည့်ပေးလိုက်ပါတယ်..ကြည့်ရတာအရသာပျက်သွားမှာဆိုးလို့ပါ :P ကလဲရ် က အထက်တန်းကျောင်းမှ ဂန္ဒ္ဒဝင်စာပေဘာသာရပ်ကိုသင်ကြားတဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ယောက်ကျာၤးနဲ့ကွဲနေတဲ့အတွက်လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ ကယ်ဗင်နဲ့အတူတူနေနေပါတယ်..သူမရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းမှဒုကျောင်းအုပ်လည်းဖြစ်တဲ့ ဗစ်ကီက ဖောက်ပြန်ခဲ့တဲ့ ယောက်ကျာၤးနဲ့ကွဲရှင်းစေချင်ပေမယ့်ကလဲရ်တို့ ကာယကံရှင်နှစ်ယောက် ကတော့အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေကြပါတယ်..အဲ့ဒီ့နောက်ကလဲရ်တို့ မိသားစုထဲကို နိုဝါ ဆိုတဲ့ကောင်လေးတစ်ယောက်စတင်ဝင်ရောက်လာပါတော့တယ် နိုဝါက ဘေးအိမ်ကိုလာလည်တဲ့အသက်20အရွယ်မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကလဲရ်ကိုလည်းကူညီတဲ့အတွက်..သူတို့သားအမိနဲ့အတော်လေးရင်းနှီးသွားပါတယ်.. တစ်ရက်တော့..ကယ်လ်ဗင်နဲ့ သူ့အဖေတို့ကျောင်းပိတ်ရက်တစ်ရက်မှာအပျော်တမ်းငါးဖမ်းထွက် သွားကြပါတယ်..ချက်ချင်းပြန်ပေါင်းထုတ်ဖို့တွေဝေနေတဲ့အတွက် မလိုက်ပဲကျန်ခဲ့တဲ့ ကလဲရ်ကို ဗစ်ကီကသူတို့ချိန်းတွေ့တဲ့နေရာကိုအတင်းလာခိုင်းပြီး ဗစ်ကီ့သူငယ်ချင်းဖြစ်တဲ့သူတစ်ယောက် နဲ့မိတ်ဆက်ပေးပါတယ်..အဲ့လိုတွေ့ဆုံပွဲမှာ မိတ်ဆက်ပေးတဲ့သူနဲ့ကလဲရ်တို့ ကတောက်ကဆဖြစ်ပြီး စိတ်တိုတိုနဲ့အိမ်ပြန်လာတဲ့ကလဲရ်က ဘေးအိမ်က နိုဝါ ကို ဖုန်းဆက်ပြီးခေါ်မိပါတယ် နိုဝါ ရောက်လာတဲ့အခါ ညစာအတူတူစားရင်း တစ်ယောက်တည်းစိတ်အားငယ်နေတဲ့အချိန် နိုဝါရဲ့ မြူဆွယ်တဲ့စကားတွေအပေါ်သာယာမိသွားကာ အတူတူအိပ်မိသွားပါတော့တယ် နောက်နေ့မနက်မှာတော့ ကလဲရ်က အသိဉာဏ်ခဏကင်းလွတ်သွားတုန်း ...
movie

The Boy Next Door (2015)

2015