Channel Myanmar

Bailey Noble

The Good Neighbor (2016) 6.3
The Good Neighbor (2016)  The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie

The Good Neighbor (2016)

Flag Day (2021) 4.9
Flag Day (2021) Flag Day (2021)============အဖေကိုချစ်တဲ့သမီး နဲ့ သမီးကိုချစ်တဲ့အဖေ ဘယ်သူ့မေတ္တာတရားပိုပြီးကြီးမားနိုင်မှာလဲ ??? ဘာပဲဖြစ်ဖြစ် ၅၂၈ မေတ္တာတရားကတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာထက် အများကြီးပိုအေးချမ်းတာတော့ ဘယ်သူမှမငြင်းနိုင်တဲ့အမှန် တရားပဲလေ.... Flag Day ရုပ်ရှင်လေးက စာရေးဆရာမ ဂျန်နီဖာရေးထားတဲ့ “The True Story of my Father” စာအုပ်ကိုပြန် လည်ရိုက်ကူးထားတာမို့ သမီးကဖခင်အပေါ်ထားတဲ့ မေတ္တာတရားတွေအများကြီးတွေ့ရမယ့် ထူးခြားတဲ့ကားလေး တစ်ကားပဲ ဖြစ်ပါတယ်။ တကယ်တော့ ဖခင်ဖြစ်ရတာခက်ခဲပါတယ်။ ချစ်သမီးလေး လေးစားရတဲ့ဖခင်ဖြစ်ဖို့ ပိုပြီး ခက်ခဲပါတယ်။ ဂျွန်လည်း ကြိုးစားနေတဲ့ကြားက လူထဲကလူဖြစ်တဲ့အတွက် အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲလေ။ ပိုပြီး အဆင်ပြေအောင် သမီးလေးကို သူ့အမေနဲ့ထားခဲ့ရာက ဇာတ်လမ်းကစတော့တာပါပဲ။ နှစ်အတော်ကြာအောင် အဆင်မပြေမှုတွေကိုထွေးပိုက်ရင်း နောက်ဆုံးတော့ အဖေချစ်သမီးဖြစ်တဲ့ ဂျန်နီဖာတစ်ယောက် ဂျွန့်ဆီကို ပြန် ရောက်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့အချိုးအကွေ့တွေ ၊ ထိုးနှက်မှုတွေကြားမှာ သားအဖနှစ်ယောက်ပေါင်းပြီး ဘဝ အသစ်စတင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ရအောင်ဗျာ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Jo Jo Va ...
movie

Flag Day (2021)

2021