Channel Myanmar

Baim Wong

Pasukan Garuda: I Leave My Heart In Lebanon (2016) 7.1
Pasukan Garuda: I Leave My Heart In Lebanon (2016) Pasukan Garuda: I Leave My Heart in Lebanon (2016)IMDb - 7.2/10စစ်ပွဲဆိုတဲ့အရာက လူသားတွေရဲ့သမိုင်းမှာ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့အရာ။ အဆိုးဆုံးဖြစ်ရပ်လို့ လက်ညှိုးထိုးပြရရင် ဒုတိယကမ္ဘာစစ်ပေါ့၊ အရပ်သားပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ဝင် နှစ်ခုလုံးပေါင်းလိုက်ရင် အသက်ပေါင်း ၆၂သန်းဆုံးရှုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန်မှာတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ သိလာကြတာက နောက်ထပ် တတိယကမ္ဘာစစ်ဆိုတာကြီး ဖြစ်ပွားခဲ့ရင် နျူကလီးယားလက်နက်တွေ ဓာတုဇီ၀လက်နက်တွေ စတာတွေကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်စေတယ်ဆိုတာပါပဲ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ၁၉၄၅ခုနှစ်မှာ ကုလသမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၅၇ခုနစ်မှာ အီဂျစ်နဲ့ အစ္စရေးကြား တိုက်ပွဲဖြစ်ပွားတော့ အင်ဒိုနီးရှားနိုင်ငံကနေ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။ အဲဒီတပ်ဖွဲ့ကို ဂါရူဒါလို့ နာမည်ပေးထားတယ်။ဂါရူဒါတပ်ဖွဲ့ကို တခြားစစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဆူဒန် ကွန်ဂိုနဲ့ လက်ဘနွန်တို့လိုနိုင်ငံတွေကိုလည်း စေလွှတ်ခဲ့တယ်။ ဒီဇာတ်လမ်းမှာတော့ လက်ဘနွန်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောက်ရွက်ဖို့ စေလွှတ်ခြင်းခံရတဲ့ စစ်သည်တွေနဲ့ အမိမြေမှာကျန်ခဲ့တဲ့ ချစ်ခင်ရသူတွေကြားက ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အင်ဒိုနီးရှားမှာ ချစ်ရသူရှိရက်နဲ့ ...
movie

Pasukan Garuda: I Leave My Heart In Lebanon (2016)

2016
Innocent Vengeance (2023) 6.4
Innocent Vengeance (2023) Innocent Vengeance (2023)သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အဒမ် တို့မိသားစုလေးထဲ ကံဆိုးမှုတွေကျရောက်လာတဲ့အခါ အဒမ်တစ်ယောက် စိတ်ဒဏ်ရာတွေကို ဘယ်လိုရင်ဆိုင်ဖြေရင်းမလဲ။ လုယက်သူတို့ လက်ချက်ကြောင့်မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အဒမ်တစ်ယောက် ဘယ်လိုပြန်လည်ရုန်းကန်ပြီး လမ်းအသစ်တွေလျှောက်မလဲ ဆိုတာမြင်တွေ့ရမယ့် သည်းထိပ်ရင်ဖို ပညာပေးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဘဝအသစ်မှာ အဒမ်တစ်ယောက်ဘယ်လို ခြေလှမ်းအသစ်တွေလျှောက်မလဲ ဘယ်သူတွေနဲ့တွေ့မလဲ သူငယ်ချင်းရဲ့အကြံပေးမှုကြောင့် စိတ်ကျန်းမာရေးဆရာဝန်ပြရင်း ဘဝအသစ်ပြန်လည် ထူထောင်ဖို့ကြိုးစားမယ့် အဒမ်ရဲ့ ခရီးမှာ ဘယ်လိုသင်ခန်းစာတွေပေးသွားမလဲ မြင်တွေ့ရမယ့် ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဒမ် ရဲ့ ဘဝကိုဖျက်ဆီးသွားတဲ့ ဓားပြတွေနဲ့ အဒမ်ပြန်ဆုံတဲ့အခါ သူဘာလုပ်မလဲဆိုတာကို စိုးရိမ်စိတ်အပြည့်နဲ့ ‌ရင်ခုန်စွာ ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ်Genre..... Thriller Quality…. 1080p | 720p File size… 1.1GB | 547MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Innocent Vengeance (2023)

2023
Innocent Vengeance (2023) 7.5
Innocent Vengeance (2023) Innocent Vengeance (2023)ဂျာကာတာမြို့က ဗိသုကာပညာရှင်တစ်ယောက်ရဲ့ တစ်ခုသောမွေးနေ့ကို ဇနီးနဲ့သားနဲ့အတူတူ ကြည်ကြည်နူးနူး ဖြတ်သန်းနေတဲ့ တစ်ညမှာပေါ့။ အိမ်ရှေ့ကတံခါးခေါက်သံကြားလိုက်ရလို့ ဗိသုကာပညာရှင်ဟာ ဒယ်လီသမားလာတယ်ထင်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။မထင်မှတ်ထားတဲ့ လူသုံးယောက်ကို တွေ့လိုက်ရလို့ တံခါးကိုပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ... တံခါးကိုအတင်းတွန်းဝင်လာပြီး အဆိုပါလူ၃ယောက်ဟာ သူ့မိန်းမနဲ့ကလေးကို သတ်သွားကြတယ်။ဒီလိုအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် ရှင်ကျန်ခဲ့တဲ့သူဟာ အသက်ရှင်တယ်လို့ကို မခံစားရတော့ဘဲ ခေါက်ဆွဲပြုတ်ပဲစားရင်း အလုပ်ပဲလုပ်နေရင်း ထရော်မာအပြည့်နဲ့ရှင်သန်လာခဲ့တယ်။ ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတစ်‌ယောက်ဆီသွားဖို့ မိတ်ဆွေတစ်ယောက်က အကြံပေးလို့ သွားခဲ့တဲ့နောက် ဆရာဝန်မလှလှလေးကို တွေ့လိုက်ရတဲ့အခါမှာတော့...လူသတ်ခန်းတွေပါသလို Sex Scenes တွေပါ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 49Min Genre - Drama, Mystery, Thriller Subtitle ...
movie

Innocent Vengeance (2023)

2023
Terbang: Menembus Langit (2018) 7.4
Terbang: Menembus Langit (2018) ၂၀၁၈ ကထွက်ရှိထားတဲ့ ဒီ အင်ဒိုနီးရှားဇာတ်ကားလေးရဲ့ အင်္ဂလိပ်နာမည်ကတော့ Fly ပဲဖြစ်ပါတယ်မျှော်လင့်ချက်အိပ်မက်ဆိုတာသာမရှိရင် လူတွေဟာ ဘာနဲ့ အသက်ဆက်ရှင်သန်ကြမလဲ...မဖြစ်နိုင်ပါဘူးလို့ ဘယ်သူတွေ ဘယ်လိုပဲပြောပါစေ...လဲကျသွားရင် ပြန်ထပြီးရှေ့ဆက်လျှှောက်ရဲတဲ့သတ္တိသာသင့်မှာရှိရင် အိပ်မက်ဆိုတာ တကယ်ဖြစ်လာမှာပါ...အဲ့ဒါကို ဒီဇာတ်ကားလေးထဲက သာမန်ညောင်ညလက်လုပ်လက်စားမိသားစုမှာပေါက်ဖွားလာရပေမယ့် သူ့အိပ်မက်တွေအပေါ် လက်မလျှော့ပဲ မဆုတ်မနစ်ကြိုးစားခဲ့တဲ့အွန်ဂီကသက်သေပြသွားပေးမှာပဲဖြစ်ပါတယ်..IMDB 7.6/10 ရရှိထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (950 MB) and (400 MB) Quality : WEB-DL 720p Running Time : 1hr 51min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264 Translated by May Myat Thu Encoded by Thanhtike Zaw
movie

Terbang: Menembus Langit (2018)

2018