Channel Myanmar

Barbara Vincent

The Sitter (2011) 5.6
The Sitter (2011)  The wolf of Wall Street ကြည့်ဖူးသူတိုင်း Jonah Hill ကို မှတ်မိကြမယ်ထင်ပါတယ် ဒီတစ်ခါမှာတော့ သူဟာ ကလေးထိန်းရင်း တိုင်ပတ်တဲ့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကိုကြည့်ရမှာဖြစ်ပါတယ် နိုအာဆိုတဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တဲ့သူဟာ တစ်ရက်မှာတော့ သူ့အမေအစား ကလေးထိန်းပေးဖို့ဖြစ်လာပါတော့တယ် သူ့ကိုသူ စိုးရိမ်လွန်တတ်တဲ့ရောဂါရှိတယ်လို့ ထင်နေတဲ့ စတေလာ အမြဲ လူကြီးတစ်ယောက်လို နေချင်နေတဲ့ ဘလိုက်နဲ့ ရိုဒရီကိုဆိုတဲ့ အမွှေစိန်လေး သုံးယောက်ကို ထိန်းရင်း သူ့ကောင်မလေးက ဆီကိုသွားဖို့အကြောင်းဖြစ်လာပါတော့တယ် ကလေးသုံး‌ယောက်နဲ့ လမ်းမှာ ဘယ်လိုလွဲပြီးရင်းလွဲပြီး အရှုပ်တော်ပုံတွေကို ဘယ်လိုရှင်းမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦးဗျာFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

The Sitter (2011)

The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Baywatch (2017) 5.8
Baywatch (2017) နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie

Baywatch (2017)

2017
4K HEVC
Tower Heist(2011) 7.0
Tower Heist(2011) Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင်  အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie

Tower Heist(2011)