Channel Myanmar

Barbie Arzetta

The Empty Chair: Final Exam (2024)
The Empty Chair: Final Exam (2024) The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် ...
movie

The Empty Chair: Final Exam (2024)

2024
Puspa Indah Taman Hati (2023) 7.8
Puspa Indah Taman Hati (2023) Puspa Indah Taman Hati 2023 အညွှန်း‌အချစ်ဦးကို မေ့နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲလို့ လိုက်မေးကြည့်ရင် ၁၀၀ မှာ အယောက် ၉၀ လောက်က မမေ့နိုင်ကြပါဘူး။ အဲလိုပါပဲ အဲအချစ်ဦးနဲ့ ကိုယ့်ကို ရင်နဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ ယှဉ်လာတဲ့အခါမှာ ကိုယ်ဘယ်သူ့ကိုရွေးချယ်မှာလဲ။ ယခုအင်ဒို musical ကားလေးမှာတော့ ဂါလိနဲ့ မာလီနာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူတွေရဲ့ရင်ထဲကို တစ်မျိုးဖြစ်စေမှာအမှန်ပါပဲ။ ဂါလိကတော့ တက္ကသိုလ်မှာ ဂီတကျောင်းသားလည်းဖြစ် အဆိုတော်အဖြစ်လည်းနာမည်ကြီးပြီး ကောင်မလေးတွေကြားမှာ ဝိုင်းဝိုင်းလည်နေတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ရာတနာနဲ့ရုပ်ချင်းဆင်တဲ့ မာလီနာကို ကျောင်းမှာတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။ မာလီနာကလည်း သူ့ကိုကြိုက်တဲ့ကောင်လေးတွေကို စိတ်မဝင်စားဘဲ ဂါလိကိုပဲ စွဲလမ်းသွားပါတယ်။ အဲလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ သူတို့အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာဦးမလဲ။အချစ်ဦးနဲ့ ကိုယ့်ကိုချစ်ရတဲ့သူကြားမှာ ရွေးချယ်ရဖို့ အကြောင်းဖန်လာရတဲ့အခါ ဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ အချစ်ဦးဆိုတာ ဘယ်နားရောက်နေမှန်းမသိတဲ့သူများအဖို့ CM က တင်ဆက်ပေးလိုက်ရပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p ...
movie

Puspa Indah Taman Hati (2023)

2023