Channel Myanmar

Barry McCarthy

Kinky Boots (2005) 7.1
Kinky Boots (2005) Kinky Boots (2005)IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲအလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာသတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီးဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲအလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။  တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်းဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size…    1.3 GB /  781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie

Kinky Boots (2005)

Notes on a Scandal (2006) 7.4
Notes on a Scandal (2006) Notes on a Scandal (2006)ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက...ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 3.2GB, 920MB, 456MB Quality  ...
movie

Notes on a Scandal (2006)

2006