Channel Myanmar

Bart Guingona

Keys to the Heart (2023) 6.4
Keys to the Heart (2023) Keys to the Heart (2023) ================== IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးကတော့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းလေးပါ။ တစ်ယောက်တည်းနေရတဲ့ လက်ဝှေ့ထိုးသမားဂျိုမာက အားက စားရုံမှာ အလုပ်လုပ်ရင်း ပြဿနာတက်ပြီး အလုပ်အထုတ်ခံလိုက် ရတယ်။ အလုပ်ထုတ်ခံရလို့ မူး​အောင်သောက်တဲ့ညမှာပဲ ကားပါ အတိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားပါတယ်။သူနဲ့ကွဲနေတာကြာပြီဖြစ်တဲ့ အမေမှာလည်း နောက်အိမ်ထောင်နဲ့ ရထားတဲ့ အော်တစ်ဆန်(autism)ရောဂါရနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ဂျိုမာရဲ့ အမေတူ အဖေကွဲညီလေးပေါ့။ ပိုက်ဆံအခက် အခဲလည်းရှိတာကြောင့် သွားစရာနေရာမရှိတဲ့အဆုံး ဂျိုမာဟာ သူ မမြင်ချင်တဲ့ သူ့အမေအိမ်မှာ နောက်အလုပ်မရမချင်း လိုက်နေရပါ တော့တယ်။ ဂျိုမာ သူ့အမေကို အဆက်အသွယ်မလုပ်ဘဲ မုန်းနေတဲ့ အချက်ကတော့ သူငယ်ငယ်က သူ့အမေသူ့ကို အရက်သမားလူရမ်း ကားဖြစ်တဲ့အဖေနဲ့ စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့လို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အနေ​ဝေးခဲ့တဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းပြီး ဘယ်လိုမေတ္တာတရားတွေ ပေါက်ဖွားလာမလဲဆိုတာကို နွေးထွေးဖွယ် ကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (589 MB) Quality............WEB-RIP 1080p / ...
movie

Keys to the Heart (2023)

2023
To The North (2022) 6.4
To The North (2022) To the North (2022)~ IMDb rating - 6.4/10 ~1996 တုန်းက ထိုင်၀မ်နဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားပြီး ကြင်နာမှု ကိုယ်ကျင့်တရား အကြပ်အတည်းနဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုတွေကို မြင်သာအောင် ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ရိုမေးနီးယန်းလူမျိုး ကောင်လေး၂ယောက်က မိသားစုအတွက် အလုပ်လုပ်ဖို့ နယူးယောက်ကို သွားဖို့ရာ ကုန်တင်သင်္ဘောတစ်စီးထဲ ခိုးလိုက်လာပါတယ်။ ဒီသင်္ဘောပေါ်မှာ ထိုင်၀မ်အရာရှိတွေနဲ့ ဖိလစ်ပိုင်လူမျိုးသင်္ဘောသားတွေပါလာပြီး ကနေဒါကို ထွက်ခွာလာတာပါ။ဒူမီထရူနဲ့သူ့သူငယ်ချင်း ခိုးလိုက်လာပြီး သူ့သူငယ်ချင်းအရင်ထွက်လာတဲ့အချိန် ထိုင်၀မ်တွေက မိသွားပြီး ရေထဲပစ်ချလိုက်ပါတယ်။ ဘာသာရေးယုံကြည်သူ ဖိလစ်ပိုင်လူမျိုး ဘိုဆွန်က ကျန်ခဲ့တဲ့ ဒူမီထရူကို ဘုရားသခင်အလိုတော်အရ မသိအောင် ဖွက်ပေးထားပြီး အစာရေစာကျွေးခဲ့ပါတယ်။ ဘိုဆွန့်သူငယ်ချင်းတွေ သိသွားပြီး တားဖို့ကြိုးစားပေမဲ့ ဘိုဆွန်က ဘုရားသခင်ရဲ့ ဒေသနာတော်တွေအ‌ပေါ် သက်ဝင်ယုံကြည်စိတ်နဲ့ ကယ်ပေးဖို့လုပ်ခဲ့ပါတယ်။ ထိုင်၀မ်တွေ သိသွားပြီး အဖွဲ့သားအားလုံးအတွက် သူစိမ်းရဲ့အသက်နဲ့ လဲလှယ်ဖို့လုပ်တဲ့အခါ...ဘိုဆွန်ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း ...
movie

To The North (2022)

2022