Channel Myanmar

Bartosz Gelner

Pokolenie Ikea(2023) 6.7
Pokolenie Ikea(2023) Pokolenie Ikea(2023)******************ဦးဆုံးအနေနဲ့ ဇာတ်လမ်းတစ်လျှောက် sex sceneတချို့နဲ့ လိင်မှုအသုံးအနှုန်းတွေ ပေါပေါသီသီပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ပိုလန်စာရေးဆရာ Piotr Cရဲ့ Pokolenie Ikeaဆိုတဲ့အရောင်းအရဆုံးစာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီစာအုပ်ဟာ ပိုလန်အင်တာနက်အသုံးပြုသူတွေ ratingပေးတဲ့အဖတ်သင့်ဆုံးစာအုပ် 100ထဲမှာ နံပါတ်32အထိချိတ်ခဲ့ပါတယ်... ဇာတ်လမ်းနာမည်က englishလိုဆို IKEA Generationဖြစ်ပြီး Millennials နဲ့ Gen Zersတွေကိုဆိုလိုချင်တာပါ။ တစ်နည်းအားဖြင့် ဒီဇာတ်လမ်းဟာ အသက် ၄၀အောက်အရွယ် ၂၁ရာစု ခေတ်သစ်လူလတ်ပိုင်းဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama၊ Comedy၊ Romanceကားလေးပါ... Romanceကားဆိုပေမယ့် ideaဆန်းဆန်းလေးနဲ့မို့ sex conceptတစ်ခုကို ချပြနေတယ်လို့တောင် အထင်မှားစရာရှိပါတယ်။ ၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။ အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။ သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ... သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ ...
movie

Pokolenie Ikea(2023)

The Legions (2019) 5.3
The Legions (2019) The Legions (2019)================IMDb Rating - 5.3/10ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆလောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာအဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်းနောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေး Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 20minSubtitle – Myanmar HardsubFormat – Mp4Genre :  Drama, History, RomanceSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

The Legions (2019)