Channel Myanmar

Bastien Ughetto

Age of Uprising: The Legend of Michael Kohlhaas (2013) 6.1
Age of Uprising: The Legend of Michael Kohlhaas (2013)  ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Age of Uprising: The Legend of Michael Kohlhaas (2013)

White Paradise (2023) 5.9
White Paradise (2023)  ကျွန်တော်တို့ လူတွေဆိုတာ ရေကြည်ရာ မြက်နုရာ လိုက်ရှာရင်း ဘဝကိုရှင်သန်နေထိုင်ကြရတဲ့ သူတွေပါ ကိုယ်နေတဲ့နေရာက ကိုယ့်အတွက် အန္တရာယ်တစ်စုံတစ်ရာ ရှိလာပြီး ဆက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ်နဲ့ကိုက်ညီမဲ့ လုံခြုံဘေးကင်းမဲ့နေရာလေးတစ်ခုကို ရှာဖွေကြရတာ ဓမ္မတာပါပဲ ဒီဇာတ်လမ်းလေးထဲမှာတော့ ကာဘူးလ်မြို့တော်မှာ ပြင်သစ်စစ်တပ်တွေတပ်စွဲထားတုန်းက ပြင်သစ်စကားပြန်လုပ်ခဲ့လို့ဆိုပြီး တာလီဘန်တွေရဲ့ အငြိုးထားတုံ့ပြန်မှုကိုခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ထွက်ပြေးကြရင်း ဂရိမှာ လူကွဲသွားကြပါတယ် အဲဒါကြောင့် ဇနီးဖြစ်သူက သူ့ယောကျာ်းကို နေရာအနှံ့က ဒုက္ခသည်စခန်းတွေမှာပတ်ရှာရင်း ပြင်သစ်နဲ့ အီတလီနယ်စပ်နားက ရေခဲတောင်ပေါ်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ လောလောလတ်လတ် မတော်တဆမှုကြောင့် ဇနီးသည်ဆုံးပါးခဲ့ရတဲ့ ဆင်မြူရယ်ဆိုတဲ့ လူနဲ့တွေ့ပြီး လမ်းပြခိုင်းခဲ့တာပါ။ နယ်စပ်ကိုဖြတ်ကျော်ဖို့ဆိုတာ အထောက်အထားအပြည့်အစုံမရှိတဲ့သူအတွက်ကတော့ ဘယ်လောက်ခက်ခဲလဲ ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရလဲဆိုတာကိုပြသရင်း တကယ်စစ်မှန်တဲ့ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ခမ်းနားလဲဆိုတာပါ ရေခဲတောင်တွေကြားမှာ အေးအေးလေးနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.3 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Thriller, Drama Subtitle….Myanmar Subtitle ...
movie

White Paradise (2023)

In the House (2012) 7.4
In the House (2012) ပြင်သစ်စာပေသင်တဲ့ဆရာတစ်ယောက်ဟာ ကလော့ဂါဆီရာ‌ဆိုတဲ့ကျောင်းသားတစ်ယောက်ရဲ့ထူးဆန်းတဲ့စာစီစာကုံးကိုဖတ်မိရာကနေ ကလော့ရဲ့သူ့သူငယ်ချင်းမိသားစုအပေါ်အမြင်တွေ၊အတွေးတွေကိုပိုသိချင်လာပါတော့တယ် သူကကလော့ကိုစာအရေးအသားသင်ပေးဖို့ဆုံးဖြတ်လိုက်ပြီး ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့စာစီစာကုံးတစ်ပုဒ်ကိုအရင်းပြုရင်း ဆရာတပည့်နှစ်ယောက်ဇာတ်လမ်းနဲ့အပြင်လောကရဲ့ဆက်စပ်မှုတွေကိုရှာဖွေပြီး ဘယ်လိုအလှည့်အပြောင်းမျိုးတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှုရမှာပါ Drama & mystery အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားစရာသိပ်မပါပေမဲ့အေးအေးလေးနဲ့ဇာတ်လမ်းအဆုံးထိဆွဲသွားနိုင်တာမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ File size…(2.1 GB)/(1 GB)/(530 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

In the House (2012)

A Man of Action (2022) 5.9
A Man of Action (2022) A Man of Action=============ဒီတခါမှာတော့ အရမ်းကောင်းတဲ့ Netflix ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှCM  ဖန်တွေ အတွက် အကြိုက်တွေ့စေမဲ့ A Man of Action ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်..စာဖတ်သူဟာအမိန့်ပေးခံရတာ အမိန့်နာခံရတာတွေကိုမနှစ်မြို့သူလား?ဆင်းရဲတဲ့ ဘဝကို မုန်းတီးသူလား? အပြောနဲ့ပဲမဟုတ် ကိုယ့်ယုံကြည်ချက်ကိုလက်တွေ့အ‌ကောင်အထည်ဖော်ရမှကျေနပ်မဲ့သူမျိုးလား? ဒါဆိုရင်တော့ဒီLucio Urtubiaရဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးကစာဖတ်သူတို့အကြိုက်ဖြစ်စေမှာပါ။ လူစီယိုဥတုဘျားဟာ လက်တွေ့သမားတယောက်ပါ။ငယ်စဉ်တည်းကဆင်းရဲခဲ့တဲ့အတွေ့အကြုံ‌ကြောင့် သူ့အတွက်တော့အရင်းရှင်စနစ်ဆိုတာဟာ မဟာရန်သူတော်ကြီးပါပဲ။ စစ်ပွဲကြီးတွေက‌နေအမြတ်ထုတ်နေတဲ့ အပြောသာရှိပြီး အဖြစ်မရှိကြတဲ့နိုင်ငံရေးသမားတွေဒီလိုလူတွေနောက်ကွယ်မှာအရာရာကိုချုပ်ကိုင်နေတဲ့ဘဏ်ကြီးတွေဟာဥတုဘျားကိုမင်းမဲ့ဝါဒ anarchisim ရဲ့ စံပြစရာပုဂ္ဂိုလ်တဦးဖြစ်လာအောင်တွန်းပို့ခဲ့ပါတယ်။ ဥတုဘျားတယောက် မိမိခံယူချက်အတွက်ပြင်သစ်နိုင်ငံပါရီမှာဘယ်လိုတွေတိုက်ပွဲ၀င်သွားမလဲ? ဒီသာမန်မင်းမဲ့ဝါဒစပိန်လက်သမားလေးတယောက်က ကမ္ဘာ့အင်အားကြီးအ‌ရင်းရှင်စနစ်ပြယုဂ်ဖြစ်တဲ့အမေရိကန်ဘဏ်‌တွေကိုတုန်လှုပ်သွားနိုင်အောင် ဘယ်လိုများယုံကြည်ချက်ပြင်းပြကာတိုက်ပွဲ၀င်ခဲ့သလဲဆိုတာတွေကို A Man of action ဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ရှုစားပေးပါဦး.......  File size…1.60GB / 801MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard ...
movie

A Man of Action (2022)