Channel Myanmar

Beby Tsabina

Cherish & Ruelle (2023) 6.0
Cherish & Ruelle (2023) Cherish and Ruelle(2023)IMDb-6/10လူငယ်စွန့်စားခန်းတွေကိုသဘောကျတဲ့ ပရိသတ်တို့အကြိုက်တွေ့စေမယ့် movieလေးတစ်ကားဖြစ်တဲ့ Cherish and Ruelleကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ teenage adventure ပီပီ Cherishနဲ့Ruelleဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကfriendshipနဲ့ ရွှတ်နောက်နောက်စွန့်စားခန်းလေးတွေကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းမိဘတွေကိုယ်တိုင်က မလိုလို့စွန့်ပစ်တာခံရတဲ့ချယ်ရစ်ရှ်အတွက်တော့ သူ့ကိုသမီးရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေရဲ့သူငယ်ချင်းတစ်ဖြစ်လည်း ဒေါ်လေးယူနာဟာ သူ့ရဲ့တစ်ယောက်တည်းသော မိသားစုဝင်ပါပဲ။ အ‌ဒေါ်တစ်ခု တူမတစ်ခုနဲ့ နေခဲ့ရတာဖြစ်ပေမဲ့ ဒေါ်လေးယူနာ မတော်တဆမဖြစ်ခင်အထိတော့ တော်တော်လေး ပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတာပေါ့။ ဒါပေမဲ့ ကံကြမ္မာက အလှည့်မသာလေတော့ အဒေါ်ဖြစ်သူရဲ့မတော်တဆမှုနဲ့အတူ သူတို့အိမ်လေးကို ဆုံးရှုံးလိုက်ရပါတော့တယ်။အဒေါ်ရဲ့အိမ်ကလေးကို ပြန်ဝယ်ပေးဖို့ ကြိုးစားမယ်လို့ ချယ်ရစ်ရှ်တစ်ယောက် ဆုံးဖြတ်ထားပေမဲ့ သူရှာနိုင်တဲ့ငွေနဲ့ အိမ်တန်ဖိုးက အလှမ်းဝေးလွန်းနေတဲ့အခါ...ခိုးရတာကို စွန့်စားခန်းတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ရူရဲလ်ကလည်း ချယ်ရစ်ရှ်ကိုကူညီမယ်ဆိုပြီး အတူပူးပေါင်းကြံစည်လိုက်မှ psychopathအယ်လီယိုနဲ့ငြိတဲ့အခါမှာတော့ ချယ်ရစ်ရှ်နဲ့ရူရဲလ်တို့ ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~KKKZ~Deeတို့ပဲဖြစ်ပါတယ်) File size…703MB / 407MB Quality…1080p WEB DL /720p Format…mp4 Duration….1h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~KKKZ~Dee
movie

Cherish & Ruelle (2023)

2023
Scandal Makers (2023) 7.2
Scandal Makers (2023) Scandal Makers 2023 IMDb 7.4/10ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရပြီး စိတ်အပန်းပြေစေမယ့် အင်ဒိုဟာသဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။နာမည်ကြီး အနုပညာရှင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အော်စကာဟာ ရေဒီယိုအသံလွှင့်ရုံမှာ အလုပ်လုပ်ရင်း သူ့ရဲ့နာမည်ပြန်ရဖို့ ကြိုးစားနေရာကနေ တစ်နေ့မှာ သူ့ဆီကို အရှုပ်တော်ပုံတစ်ခုရောက်လာပါတော့တယ်။အထက်တန်းကျောင်းက အချစ်ဦးနဲ့ အချစ်နယ်ကျွံရာကနေ အဖတ်တင်လာခဲ့တဲ့ သမီးဖြစ်သူ ဟာ မြေးဖြစ်သူနဲ့ရောက်ရှိလာတဲ့အခါ အော်စကာတစ်ယောက် ဗျာများရပါတော့တယ်။ နာမည်ရဖို့ကြိုးစားနေရာကနေ ဒီလိုကိစ္စတွေကြုံလာရတဲ့အခါ အော်စကာတစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.42GB / 630MB Quality…1080p  AMZ WEB DL /720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry
movie

Scandal Makers (2023)

2023
Dear Nathan (2017) 6.8
Dear Nathan (2017) Dear Nathan ( 2017 ) IMDb 6.8/10ရုပ်ချောလွန်းလို့ကောင်မလေးတွေဝိုင်းကြိုက်တာခံနေရပါသလား ဒါဆိုရင်တော့ ဒီကားက ယောရောဘွန်းတို့ဆက်ဆက်ဒေါင်းကြည့်သင့်တဲ့ဇာတ်ကားပါပဲနော် ဒီအပိုင်းကတော့ ဆယ်လ်မာနဲ့နသန်တို့စတင်တွေ့ဆုံခြင်းပါပဲဆယ်လ်မာကကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်လေးပေါ့ နသန်ကတော့ထုံးစံအတိုင်း ရန်ဖြစ်တတ်တဲ့ဆိုးဆိုးပေပေကောင်လေးပါပဲ ကျောင်းနောက်ကျလို့ ပိတ်သွားတဲ့ကျောင်းတံခါးကြည့်ရင်း စိတ်ဓာတ်ကျနေတဲ့ဆယ်လ်ကို နသန်ကကူညီပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ပါတယ် နသန်ကကောင်ချောလေးဖြစ်တဲ့အပြင် ဂျစ်ကန်ကန်နဲ့ အစအနောက်လည်းသန်တော့ သူ့ကိုကြိတ်သဘောကျနေတဲ့မိန်းကလေးတွေလည်း အများသားရယ်ပေါ့ဒါပေမယ့် တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့တဲ့နသန်က ဆယ်လ်မာ့ကိုတော့မြင်မြင်ချင်းချစ်သွားခဲ့မိတယ် တကယ်ချစ်တဲ့လူအတွက်ပြောင်းလဲပေးချင်ကြတာ ယောကျာ်းတွေရဲ့သဘာဝပဲမလား ဒီတော့ အေးအေးဆေးဆေးနေတတ်တဲ့ဆယ်လ်မာနဲ့ အလိုက်သင့်နေနိုင်အောင် အချစ်ရဲ့ခွန်အားနဲ့ နသန်တစ်ယောက်ကြိုးစားပုံတွေ သူတို့နှစ်ယောက်ကြားက အခက်အခဲဖြေရှင်းပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.5GB / 714MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan (2017)

2017
Rentang Kisah (2020)
Rentang Kisah (2020) Rentang Kisha (2020)ဒီကားလေးကတော့ ၂၀၂၀ စက်တင်ဘာလ ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ် အင်ဒိုနီးရှား နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု ကြောင့် နိုင်ငံအတွင်းအလုပ်လက်မဲ့တွေများလာပါတယ် ထို့ကြောင့် ပြည်ပသို့အလုပ်ထွက်လုပ်ကြရပါတယ် ဒီကားထဲမှာတော့ မင်းသမီးချောလေး ဂီတာရဲ့အဖေဟာလည်း အဆိုပါနည်းတူ စီးပွားရေးပျက်ကပ်ရဲ့သားကောင်ဖြစ်ခဲ့ပါတယ် မိသားစုရဲ့ဝမ်းရေးရှိသေးတာကြောင့် တိုင်းတစ်ပါးကိုသွားပြီး အလုပ်လုပ်ကာ မိသားစုထောက်ပံ့ပေးခဲ့ရပါတယ် ဒီလိုနဲ့ ဂီတာကျောင်းပြီးတော့သူ့ အဖေနဲ့ အမေ စီစဉ်တဲ့အတိုင်း တိုင်းတစ်ပါးမှာ ပညာသွားသင်စေခဲ့ပါတယ် အဖေနဲ့အမေ ဆန္ဒရှိသလို ဂီတာဟာတိုင်းတစ်ပါးမှာ အဆင်ပြေပြေ ပညာဆည်းပူးနိုင်ပါ့မလား ယဉ်ကျေးမှုမတူတဲ့နယ်မြေ မှာဂီတာတစ်ယောက် နေသားကျအောင်ဘယ်လိုလုပ်မလဲ မထင်မှတ်တဲ့လောကဓံ တရားနဲ့ ရင်ဆိုင်ရတဲအခါမှာတော့ ဂီတာရဲ့ အားကိုးရာက ဘာဖြစ်လာမလည်း ဆိုတာကတော့... ဒီကားမှာဆိုရင် တိုင်းတစ်ပါးမှာစီးပွားသွားရှာရတယ်ဆိုပေမဲ့ နာမည်သာလှပြီး အမြင်မသင့် လှတဲ့ အဖေ တစ်ယောက်ရဲ့မေတ္တာကိုလည်းတွေ့ရမှာပါ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုကားလေးဆိုလည်းမမှားပါဘူး Imdb ကလည်း 7.4 ထိရရှိထားပါတယ်Translated by TKEncoded by August
movie

Rentang Kisah (2020)

2020
#FriendButMarried (2018) 7.3
#FriendButMarried (2018) Friend But Married ဆိုတဲ့ကားလေးက သူ့နာမည်လေးအတိုင်းပါပဲ သူငယ်ချင်းတော့သူငယ်ချင်း ဒါပေမယ့် လက်ထပ်မိသွားတယ်ပေါ့ သူ့နာမည်မှာတင် အဓိပ္ပါယ်ကပါနေပြီးသားပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒစ်တိုဆိုတဲ့ကောင်လေးဟာ ကလေးဘဝတည်းက တီဗီကမိသားစု ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်လေး အာယုကိုချစ်ကြိုက်မိပါတယ် အာယု ကသူ့စိတ်ကူးထဲကနတ်သမီးလေးပေါ့ အာယုကိုအပြင်မှာလဲတွေ့ရလိမ့်မယ်သူမထင်ခဲ့ပါဘူး ဖြစ်ချင်တော့ ကံကောင်းတဲ့တစ်ရက်မှာ အာယုဟာ သူတက်တဲ့ကျောင်းကိုမှဆိုက်ဆိုက်မြိုက်မြိုက်လာတက်ပါတော့တယ် ဖြစ်ချင်တော့ အတန်းထဲမှာခုံလွတ်နေတာလဲ ဒစ်တို့ဘေးမှာပဲရှိတော့ သူ့ဘေးမှာဝင်ထိုင်ဖို့ခွင့်တောင်းတယ် ဒီလိုနဲ့ အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ် ဒီကားမှာထူးခြားချက်က အခြား Friendship ကားတွေလို အချိန်အကြာကြီးသူငယ်ချင်းဖြစ်လာပီးမှအရောင်ပြောင်းသွားကြတာမဟုတ်ပဲ ဒစ်တို့ဖက်ကအစောကြီး ကတည်းကအာယုကိုကြိတ်crush နေတာပါ ဒီလို့နဲ့ BFF ကြီးအဖြစ် ၁၃နှစ်တောင် Friendzone ထဲအထည့်ခံရတဲ့ ဒစ်တို သူဘယ်လိုရုန်းထွက်သွားလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ IMDb မှာလဲ rating မဆိုးဘူး cast တွေကလဲအကုန်ချောချောလှလှလေး နောက်ပြီးအိုဗာမတင်းတဲ့ romantic moment လေးတွေပါလို့ ကြည့်ရတာတစ်မျိုးအရသာရှိပါတယ် အင်ဒို ကားတွေလဲမခေတော့ပါဘူး နောက်ပြီး Crazy Little Thing Called Love ထဲကလိုမင်းသားနဲ့မင်းသမီး ညားသွားကြတာနဲ့တင် အဆုံးမသတ်ပဲ သူ့ရဲ့ sequel Friend But Married 2 ဆိုပြီး 2020 မှာထပ်ထွက်ထားလို့ တစ်ဆက်တည်း သူတို့နှစ်ယောက်ရဲ့နောက်ပိုင်းဇာတ်လမ်းတွေကိုပါကြည့်ရဦးမှာပါ    File Size -  1.1 gb Quality - web-dl ...
movie

#FriendButMarried (2018)

2018