Channel Myanmar

Becca Hirani

The Loch Ness Horror (2023)
The Loch Ness Horror (2023)  ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုးတယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက်လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်ကအပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်ကပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကိုလိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီးနောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror ...
movie

The Loch Ness Horror (2023)

Medusa’s Venom (2023) 5.2
Medusa’s Venom (2023)  ၂၀၂၃ ဖေဖော်ဝါရီက ထွက်ရှိထားတဲ့ Medusa Venom ရုပ်ရှင်ဇာတ်ကားက၂၀၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Medusa ဇာတ်ကားရဲ့အဆက်ဆိုပေမယ့် ပထမဇာတ်ကားနဲ့အဆက်အစပ်မရှိတာကြောင့် ယခုမှစကြည့်ဖို့သင့်တော်တဲ့ Horror အမျိုးအစားဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။သူငယ်ချင်းကောင်လေးနှစ်ယောက် ညှဉ့်ငှက်ကလေးတွေရှိရာ ဂေဟာဆီလာရောက်အပန်းဖြေရာကနေ ဇာတ်လမ်းကိုစတင်ဖွင့်လှစ်ထားပါတယ်။လာရောက်ပျော်ပါးတဲ့ သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ဟာ အဖြစ်ဆိုးနဲ့ကြုံရပြီး နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားပါတယ်။ရက်အနည်းငယ်အကြာမှာ ညှဉ့်ငှက်ကောင်မလေးတွေရဲ့ ဂေဟာကို လိုလာဆိုတဲ့ကောင်မလေးတစ်ယောက်လာရောက်တည်းခိုရာက သူကိုယ်တိုင်လိင်ဖျော်ဖြေရေးလုပ်သားဖြစ်သွားပြီး ဇာတ်လမ်းအစ ထွက်ပြေးသွားတဲ့ကောင်လေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ကောင်လေးနဲ့လိုလာတို့ဟာ လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ကြိုးစားကြရင်း ဆန်းကြယ်တဲ့ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ကြုံတွေ့လာရပါတယ်။လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေဟာ ဘာဖြစ်မလဲ..လိုလာကကော ညှဉ့်ငှက်ဘဝကရုန်းထွက်နိုင်မှာလား..သဘာဝလွန်အဖြစ်အပျက်တွေက ဘာကြောင့်လဲ..မိန်းကလေးတွေချည်းပဲရှိတဲ့ ဂေဟာဟာ ဘယ်လိုအစွမ်းသတ္တိတွေကြောင့်တောစပ်မှာသီးခြားရပ်တည်နိုင်တာလဲ..ရုပ်ရှင်နာမည်အတိုင်း Medusa နတ်ဘုရားနဲ့ ဘယ်လိုများဆက်စပ်နေမလဲဆိုတာMedusa Venom ဇာတ်ကားမှာ ရှုစားကြရမှာဖြစ်ပါတယ်။ ညှဉ့်ငှက်မိန်းကလေးများနဲ့လိင်ဖျော်ဖြေရေးဂေဟာကို ဇာတ်အိမ်တည်ထားတာဆိုပေမယ့် အဖော်အချွတ်ကိုအသားမပေးဘဲ Horror ဦးစားပေးဇာတ်လမ်းဖြစ်ပြိး ရိုက်ကူးထုတ်လုပ်တဲ့နိုင်ငံကUK ဖြစ်တာကြောင့် British English စကားပြောနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.29GB / 593MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h ...
movie

Medusa’s Venom (2023)