Channel Myanmar

Begonya Plaza

Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Delta Force 2: The Colombian Connection (1990)
Delta Force 2: The Colombian Connection (1990) Delta Force 2: The Colombian Connection (1990)မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြော​က်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက် The Delta Force ပါ။ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ ​Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ ...
movie

Delta Force 2: The Colombian Connection (1990)

1990
Heartbreak Ridge (1986) 6.9
Heartbreak Ridge (1986) Heartbreak Ridge (1986) ~ IMDb - 6.9/10, RT -68%, Meta - 53% ~"ဒီဟာကြောင့် ငါတို့တွေ မသေခဲ့ရင် ဒါက ငါ့တို့နှလုံးသားတွေကို ကွဲကြေစေမှာ"- အရာခံဗိုလ် စတုန်နီ ဂျက်ဆင် (Heartbreak Ridge တောင်ကုန်းပေါ်မှ ရှင်ကျန်ရစ်သူ စစ်သားကြီး)မီးခိုးတလူလူ ယမ်းခိုးတ‌ဝေဝေနဲ့ ဆောင်းရာသီအစ တောင်တန်းကြီးတွေက အရုပ်ဆိုးအကျည်းတန်စွာ လှပနေလေရဲ့။ မကောက်ရသေးတဲ့အလောင်းတွေပေါ်က ကျီးငှက်တွေရဲ့ ဘုံဗိမ္မာန်တွေဟာ တရားသောစစ်လို့ နှစ်ဖက်လုံးက ကြွေးကြော်တဲ့ အသံကနေ ဖြစ်တည်လာခဲ့တာ။နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတဲ့ အရွယ်ကောင်းအမျိုးသားလေးများဟာ သေမင်းကချီးမြှင့်ထားတဲ့ သွေးဆာသေနတ်တွေကိုထမ်းပိုးရင်း အဆုံးသတ်ချောက်ကမ်းပါးဆီကို တရွေ့ရွေ့လျှောက်လှမ်းသွားကြပြီ။ပြင်းထန်တဲ့ Heartbreak Ridge တိုက်ပွဲကြီးကနေ အသက်မသေ ရှင်ကျန်ရစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံ့စစ်သည်ဂုဏ်ရည်တံဆိပ်ရခဲ့တဲ့ စစ်သားကြီးတစ်ယောက်၊ သွေးဆူလွယ်ပြီး စိတ်အလိုလိုက်တတ်တဲ့ စစ်သားကြီး။ ရန်ပွဲတခြိမ်းခြိမ်း၊ အထက်အရာရှိကို မထင်ရင် မထင်သလို ထိုးကြိတ်ရန်ရှာတတ်တဲ့ ...
movie

Heartbreak Ridge (1986)

1986
Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995