Channel Myanmar

Bek Hyun-jin

Highway Family (2022) 7
Highway Family (2022) Highway Family (2022)Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လို‌ရှေ့ဆက်ဖြတ်သန်းကြမလဲ။သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က ...
movie

Highway Family (2022)

2022
Journalist(2015) 7.0
Journalist(2015) Journalist(2015) အညွှန်း********************* မရေးသင့်တဲ့ဆောင်းပါးကို ရေးမိလို အလုပ်ပြုတ်လုနီးနီးဖြစ်နေတဲ့ သတင်းတစ်ယောက် ဟောမူဟျော့ တစ်ဖက်မှာလည်း ကိုယ်ဝန်သည်ဇနီးက ကွာရှင်းဖိုတောင်းဆိုခံထားရပြန်တယ်... တစ်ရက်မှာ စုံထောက်တွေ လိုက်နေတဲ့ကွင်းဆက်လူသတ်မှုအတွက်သတင်းပေးမယ်ဆိုပြီး သူ့ရုံးကို ဖုန်းဝင်လာတယ် ...အထက်လူကြီးတွေကို တင်ပြပြီးသတင်းကြေညာလိုက်တဲ့အခါ လူစိတ်ဝင်စားမှု ရရှိသွားခဲ့တယ်... ဒီလိုအချိန်မှာ လူသတ်မှုနဲ့ ပတ်သက်ပြီး သူ ရခဲ့တဲ့သတင်းက အတုဖြစ်နေလိုသူ့ကိုယ်သူ ကာကွယ်ဖို ဆောင်းပါးတွေကို လိမ်ညာရေးရင်းနဲ့လူသတ်သမားအစစ်ရဲ့ ခြိမ်းခြောက်မှုကို ခံရတော့တယ်.... ဟောမူဟျော့တစ်ယောက်ဒီအရှုတ်ထုတ်ကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့...File Size : (2.4GB) (940 MB) and (340 MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:05:00 Genre : Crime ,Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie

Journalist(2015)

Sunset in My Hometown (2018) 6.5
Sunset in My Hometown (2018) SUNSET IN MY HOMETOWN (2018) - အညွှန်း"ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ"မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ "Show Me The Money" ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။အညွှန်းကိုတော့ Shin Shin ...
movie

Sunset in My Hometown (2018)

Seoul Vibe(2022) 7.0
Seoul Vibe(2022) Seoul Vibe(2022) အညွှန်း********************* ကဲ ဒီနေ့တော့ Trailer မြင်ကတည်းက စောင့်မျှော်ကြည့်ရှုချင်နေကြမဲ့ပရိတ်သတ်တွေအားလုံးအတွက် အလန်းစားကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်အိုလံပစ်ပွဲကျင်းပခဲ့တဲ့ 1988 Vibe ကိုအပြည့်ရမဲ့ကားဖြစ်ပြီး ကားမောင်းကျွမ်းကျင်တဲ့လူငယ်တစ်စုကရန်ပုံငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတစ်ခုကို ဖော်ထုတ်ဖို့ အသွင်ယူပြီး ပူးပေါင်းစုံစမ်းပေးကြမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။Cast တွေကတော့ ပြောစရာမလိုလောက်အောင်ပြီးပြည့်စုံလှပါတယ် အားလုံးရဲ့အချစ်တော် ယူအာအင်၊ Mouse drama မှာ အားလုံးရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တဲ့မင်းသမီးလေး ဘတ်ဂျူဟျွန်း၊ Reply 1988 ထဲက မင်းသား ဂို‌ဂယောင်းဖြို၊Winner အဖွဲ့ကအဆိုတော် မင်ဟိုအပြင်...It's okay to not be okay ထဲကAutism ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဖော်နိုင်ခဲ့တဲ့ အစ်ကိုကြီးဖြစ်သူ အိုဂျောင်းဆယ်၊Prison Playbook ထဲက ဆေးသမားလေး အီဂယူဟျောင်းအစရှိတဲ့ ဇာတ်ရံတွေကအစ ရှယ်တွေသုံးထားတာမလို့ အထူးညွှန်းနေစရာမလိုတော့ဘူးထင်ပါတယ်။ File Size : (1.1GB) and (366 MB) Quality : WEB-DL.Nf.1080p5.1Ch,720p Format…mp4 Duration…02:18:00 Genre : Action , ...
movie

Seoul Vibe(2022)

Broker(2022) 7.5
Broker(2022) Broker(2022) အညွှန်း ****************** IMDb...7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်... မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ... ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ...သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် ... So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့🤩 ဒီကားလေးကတော့ ...
movie

Broker(2022)

Ten Months (2020) 7.5
Ten Months (2020) Ten Months (2020) ဇာတ်လမ်းအညွှန်းTen Months ဆိုတဲ့ ဇာတ်ကားလေးကတော့ အသက် ၂၉ အရွယ် Old video game developer လေးတစ်ယောက်ဖြစ်တဲ့ ချွဲမီရယ်လေးရဲ့ အကြောင်းကိုပုံဖော်ထားတာဖြစ်ပါတယ်။Game developer ကနေ မီရယ်တစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ကိုယ်ဝန်ရပြီး မိခင်တစ်ယောက် ဖြစ်လာမဲ့ အရေးနဲ့ ကြုံခဲ့ရပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ ဘဝတွေ နေထိုင်မှုတွေကိုမြင်ပြီး ကလေးမွေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အတွေးတွေဝင်လာခဲ့ပါတယ်။သူ့ရဲ့ချစ်သူ ယွန်းဟိုကလည်း ရှိတဲ့အလုပ်ကပြုတ်ပြီး အလုပ်သစ်ကလည်းမရ၊ အခြေအနေတွေကလည်း ခက်ခဲလာ နဲ့ ဖိအားပေါင်းစုံ ရင်ဆိုင်လာရတယ်။ သူနဲ့သိတဲ့ မိခင်တွေရဲ့ ဘဝတွေကို လိုက်လေ့လာကြည့်တော့လည်း ကောင်းတာမတွေ့တဲ့အခါ မီရယ်တစ်ယောက် လက်လျှော့ချင်စိတ်တွေ ဖြစ်လာခဲ့ပါပြီ။သို့သော်လည်း မကြာခင် လူတစ်ယောက်ဖြစ်လာတော့မဲ့ ကိုယ်ဝန်ကို ဖျက်ချတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ထောင်မရှိတဲ့ မိန်းကလေးက တစ်ယောက်တည်း ကလေးမွေးပျိုးထောင်ဖို့ဆိုတာလည်း မလွယ်ကူတာအမှန်ပါ။အဲလိုအခက်အခဲတွေကြားက ...
movie

Ten Months (2020)