Channel Myanmar

Belinda Yan

A Murder Erased ( 2022 ) 6.3
A Murder Erased ( 2022 ) အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်... အဲ့ အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့....ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်... အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း... နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့...ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား... သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား.... သိနိုင်တာပေါ့နော်... သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော် [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

A Murder Erased ( 2022 )

Time (2021) 6.4
Time (2021) Time (2021) __________ IMDb Rating - 6.4/10ဟောင်ကောင်ကား ကောင်းကောင်းကြည့်ချင်တဲ့လူတွေအတွက် Ricky Koဆိုတဲ့ ဟောင်ကောင် ‌ဒါရိုက်တာအသစ်ရဲ့ Debutရုပ်ရှင်ပါ။ သရုပ်ဆောင်တွေကတော့ Patrick Tse Yinနဲ့ Fung Bo-Boလို 1960ဟောင်ကောင်ရဲ့ နာမည်ကျော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အက်ရှင်လည်းဟုတ်သလို တော်‌တော်လည်းရယ်ရတယ် ဒရာမာလည်း အသေချိုးတယ်။ ဒါရိုက်တာရဲ့ Debutအနေနဲ့ဆိုကောင်းတဲ့ အနေအထားရှိပါတယ်။ အရင်ဟောင်ကောင် ရုပ်ရှင်တွေရဲ့ အငွေ့အသက်ကိုပြန်ရတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်အများစုနဲ့ ယှဉ်ရင်တော့ ရွှေပါပဲ။ဘာမှမဆိုင်အောင်ကို ကောင်းတယ်။ ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ တော်တော် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ဇာတ်‌ကြောင်းကတော့ ကြေးစားလူသတ်သမား လူမိုက်၃ယောက်ရှိတယ်။ ငယ်စဉ်ကတော့ တော်တော် နာမည်ကြီးပြီး သူတို့ကို နိုင်တဲ့လူမရှိဘူး။ Timeဆိုတဲ့အတိုင်း ကာလတွေရွေလျောပြီး အိုမင်းလာကြတော့ ကိုယ်ပိုင်ဒုက္ခတွေ တစ်ပုံတပင်နေရတာကို ဟာ‌သလေးနှောပြသွားတယ်။ ‌နောက်တော့ ဘ၀မှာ လွတ်လွတ်လပ်လပ်ရှင်သန်ဖို့ ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့ ဘာညာပေါ့။ ဝါရင့် သရုပ်ဆောင်တွေချည်းမို့ သရုပ်ဆောင်လည်း ...
movie

Time (2021)