Channel Myanmar

Ben Hall

Killers of the Flower Moon (2023) 8.0
Killers of the Flower Moon (2023) Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie

Killers of the Flower Moon (2023)

2023
4K HEVCHDR
Beat (2022) 7.0
Beat (2022)   IMDb 7.3ရရှိထားတဲ့ musical dramaလေးဖြစ်ပါတယ် အယ်လီဆိုတဲ့ ကောင်မလေးက ကားအက်စီးဒင့်ကြောင့် နှလုံးအစားထိုးကုသလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ စန္ဒရားတီးတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်သွားပါတယ်။ ဒီလိုနဲ့ သူမရဲ့နေ့စဉ်ဘ၀မှာ တိုက်ဆိုင်မှုတွေရှိလာတိုင်း အိမ်ခြေယာမဲ့လူတစ်ဦးနဲ့ သူမအကြား ဂန္တ၀င်ဂီတကနေတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုတစ်ခုရှိလာတာကို သတိထားမိလာပါတယ်။ဒီကားလေးက musical filmဆိုတဲ့အတိုင်း အခန်းတိုင်းကို သီချင်းကောင်းကောင်းလေးတွေ စန္ဒရားသံလှလှလေးတွေနဲ့ ကြည့်ရှုသူရင်ထဲကိုထိအောင် လှလှပပ ပုံဖော်ထားပါတယ်။ Newcastle မြို့ရဲ့အလှ‌တရားတွေကိုလည်း နောက်ခံသီချင်းကောင်းကောင်းတွေ လှပတဲ့ဇာတ်၀င်ခန်းတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားတာမလို့ ဂီတကိုမြတ်နိုးတဲ့သူတွေအနေနဲ့ ကြည့်ဖို့သင့်တဲ့ကားလေးတစ်ကားပါပဲ။  File size…(1.3 GB)/(600 GB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min khant 
movie

Beat (2022)

Land of Gold (2022) 6.7
Land of Gold (2022)   ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ...
movie

Land of Gold (2022)

Little Dixie (2023)
Little Dixie (2023) Little Dixie (2023)Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး‌ Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။Doc Alexander ...
movie

Little Dixie (2023)

2023
All Eyes (2022) 5.4
All Eyes (2022) All Eyes (2022)~ IMDb - 5.4/10, Rotten Tomatoes - 80% ~Podcast ကနေ သရဲဇာတ်လမ်းတွေ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို အင်တာဗျူးတဲ့ ဘဲတစ်ပွေရှိတယ်။ တစ်နေ့ သူ့အစီအစဉ်မှာ နောက်ယောင်ခံလိုက်ခံနေရတယ်လို့ သူ့ကိုယ်သူထင်နေတဲ့ လူတစ်ယောက်ကို အင်တာဗျူးရင်း အဲဒီလူက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့သူကို မိထားပြီ သတ်ပစ်မယ်ဆိုပြီး ကောက်လုပ်တယ်။ တကယ်လည်း သတ်ပစ်တော့ သူ့ကြောင့်ဖြစ်တာပါဆိုပြီး အလုပ်ပြုတ်သွားတယ်။ ဒီလိုနဲ့ သူ့အစီအစဉ်ကိုပြန်စဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ကိုရှာဖို့ဖြစ်လာတယ်။အဲဒီအချိန်မှာ သူ့ဆီပို့ထားတဲ့ စာတစ်စောင်ကိုဖတ်ဖြစ်သွားတယ်။ ဒေါ်လာ၂သောင်းခွဲတန် ချက်လက်မှတ်ပေးပြီး အကောင်ကြီးတစ်ကောင်ကို သတ်တာကို လာကြည့်ဖို့ ဖိတ်တဲ့အဘိုးကြီးတစ်ယောက်ရဲ့စာပေါ့။ အဲဒီအကောင်ကြီးဟာ တစ်ကိုယ်လုံးမျက်လုံးတွေနဲ့ ပြည့်နေတဲ့ ထူးဆန်းတဲ့အကောင်ကြီးလို့သိလိုက်ရတယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုဖိတ်ကြားတဲ့သူကို အင်တာဗျူးရင်း အကောင်ကြီးကို သတ်တာကို သွားကြည့်ဖို့လုပ်ခဲ့တယ်။ အဘိုးကြီးပြောတဲ့ အကောင်ကြီးကို သူမြင်လိုက်ရလား။ အဘိုးကြီးကရော ဘာလဲ။ ဒီအကောင်ကြီး ...
movie

All Eyes (2022)

2022
What Josiah Saw (2021) 6.1
What Josiah Saw (2021) What Josiah Saw (2021)IMDB Rating - 6.1/10 Rotten Tomatoes - 90%7 Wins & 6 Nominationsဝီးလိုးလမ်းမကြီးပေါ်က သရဲခြောက်တယ်ဆိုတဲ့ ဂရေဟမ်မိသားစုပိုင် ခြံစိုက်ခင်းကြီးအကြောင်း တစ်မြို့လုံး သိကြပေမဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယား၊ မိခင် မီရီယမ်၊ သားဖြစ်သူ အီလိုင်၊ သမီးဖြစ်သူ မယ်ရီ နဲ့ သားအငယ်ဆုံးလေး တွမ်မီတို့ ငါးယောက်ကြားက အတိတ်ဆိုးကြီးကိုတော့ သိတဲ့သူ မရှိပါဘူး ဘာသာရေး ကိုင်းရှိုင်းပြီး မိသားစုကို ချစ်တတ်တဲ့ မိခင်ဖြစ်သူ မီရီယမ်တစ်ယောက် ဘာကြောင့် ဝက်သစ်ချပင်ကြီးပေါ်မှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရတာလဲ သွားလေသူ မီရီယမ် ခြောက်လှန့်နေတဲ့ ခြံကြီးထဲမှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယားနဲ့ သားငယ်လေး တွမ်မီတို့ ဘယ်လို နှစ်ပါးသွားကြမလဲ အိမ်က ထွက်လာပြီးတည်းက လေလွင့်နေခဲ့တဲ့ အီလိုင်တစ်ယောက် လောင်းကစားကြွေးတွေကို ပြန်ပေးဖို့ကြိုးစားရင်း ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲ ကလေးဘဝက ကြုံခဲ့ရတဲ့ Trauma တွေကြောင့် အိမ်ထောင်သည်ဘဝကို ...
movie

What Josiah Saw (2021)

2021
Agnes (2021)
Agnes (2021) Agnes (2021) ဇာတ်လမ်းအညွှန်း****************************ခရစ်ယာန်သီလရှင်ကျောင်း တစ်ခုက သီလရှင်တွေထဲမှာ နတ်ဆိုးစွဲတဲ့သူ ရှိတယ်ဆိုတဲ့ ကောလဟလ တစ်ခုကြောင့် အသေးစိတ် စစ်ဆေးမှုတွေလုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်ဘုန်းတော်ကြီးနှစ်ပါးဟာ အဆိုပါ သီလရှင်ကျောင်းကို သွားရောက်ပြီး နတ်ဆိုးနှင်ဖို့ ပြင်ဆင်ကြပါတယ်ဒါပေမဲ့လည်း ဘုန်းတော်ကြီးနဲ့ အတူ သူ့ရဲ့ တပည့်တွေဟာ ထိရောက်မှုမရှိတဲ့ သူတို့ရဲ့ နတ်ဆိုးနှင်ခြင်းအပြီးမှာတော့ ယုံကြည်ခြင်း ယိုင်လဲလာတဲ့ အခက်ခဲတွေ အခြားသော စုံစမ်းနှောင့်ယှက်ခြင်းတွေနဲ့ပါ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခါမှာ ...ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ သည်းထိတ်ရင်ဖို ဆက်လက် ကြည့်ရှုကြရမှာပါ File Size     : (1.7 GB)(970 MB) and (470 MB) Quality       : WEB-DL 1080P, 720p Format       : mkv, mp4 Duration    : 1hr ...
movie

Agnes (2021)

2021
Minari (2020) 7.7
Minari (2020) Minari (2020) ========== IMDb Rating. = 7.7/10 Rotten Tomatoes. = 100%Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။)  File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Minari (2020)