Channel Myanmar

Ben Liu

Eye For An Eye ( 2023 ) 6
Eye For An Eye ( 2023 ) လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်း စုဝေးနေတဲ့ Eye For An Eye ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်က လာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာ အဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်း လက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်း သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့...ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်က တစ်အိမ်လုံး အသက်ခံရပေမယ့် သူတစ်ယောက်တည်း လွတ်မြောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင် သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကို ဒိုင်ယာရီမှတ်သလို...မှတ်တမ်းရေးသလို... ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့ လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်...နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်... မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်... နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး... ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကို ရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့... အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမက ရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်း ကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu ,Nu Mon , Moon Encoded by LK
movie

Eye For An Eye ( 2023 )

Kunlun Kingdom ( 2023 ) 5.9
Kunlun Kingdom ( 2023 ) စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ တောင်ပေါ်မှာရှာဖွေလေ့လာရင်း မိစ္ဆာနဂါးကျောက်ဖြစ်ရုပ်ကြွင်းအသက်ဝင်လာတာနဲ့ကြုံခဲ့ရပြီး လေ့လာရေးတစ်ဖွဲ့လုံးဒုက္ခရောက်ခဲ့ကြပါတယ်အဖွဲ့ထဲမှာ လီရှန်းရဲ့မိဘနှစ်ပါးလုံးပါဝင်ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာအောင်ထိ လီရှန်းဟာ မိဘတွေရဲ့ဘာသတင်းအစနမှပြန်မကြားခဲ့ရပါဘူးတခြားအဖွဲ့ဝင်များရဲ့ မိသားစုတွေကလည်း လီရှန်းရဲ့မိဘနှစ်ပါးကို လူသတ်တရားခံဆိုပြီးစွပ်စွဲခဲ့ကြပါတယ်မတရားစွပ်စွဲခံရတာကို သက်သေပြနိုင်ဖို့ လီရှန်းတစ်ယောက် ဘယ်လိုစူးစမ်းရှာဖွေမှုတွေလုပ်ရင်း ဘာတွေသိလာရမလဲငယ်ငယ်ကတည်းက‌အတူတူကြီးပြင်းခဲ့တဲ့ လုယောင်နဲ့ လောင်ယွီကရော သူငယ်ချင်းအတွက်ဘယ်လို အသက်စွန့်ပြီးကာကွယ်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

Kunlun Kingdom ( 2023 )

Hello, Beijing ( 2022 ) 6
Hello, Beijing ( 2022 ) လူတိုင်း လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ် အိမ်မက်တိုင်းကို အကောင်အထည်ဖော်ဖို့က ကလဲ စျေးပေါပေါ လွယ်လွယ်ကူကူနဲ့ ရတတ်ကြတာမဟုတ်ပါဘူး ။ ပေးဆပ်မှုတွေ ရင်းနီးမှုတွေ စတေးမှုတွေနဲ့ မြှုပ်နှံပြီးမှ အကောင်အထည်ဖော်လို့ရကြတာပါ ။ဒီနေ့မှာဆိုရင်တော့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြနေတဲ့ အသက်အရွယ်မတူညီတဲ့ လူ ၃ ယောက်အကြောင်း ရိုက်ကူးပုံဖော် ထားသော ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။❏ ပရော့ဂျက်အောင်မြင်ခါနီးမှာမှ ရင်းနှီးမြှုပ်နှံသူတွေ နှုတ်ထွက်သွားပြီး အကြွေးတွေ ဝိုင်းဝိုင်းလယ်ကာ ကူရာမဲ့ ဖြစ်နေတဲ့ ကုမ္ပဏီ သူဌေး - လီမင်ချီ❏ အိမ်က သဘောမတူတဲ့ကြားထဲမှာမှ အိမ်ကိုဆန့်ကျင် အတိုက်အခံလုပ်ကာ ပေကျင်းသို့ သူ့ရဲ့ အဆိုတော်ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အိမ်ပေါ်ကဆင်းလာသူ ထက်မြတ်တဲ့ လူငယ်လေး - ယန်နမ်❏ ချစ်ရသူနဲ့ လက်ထပ်ပြီး နေထိုင်ဖို့ အိမ်လေးဝယ်ချင်နေပေမဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူ ရိုးသားကြိုးစားတဲ့ အမြန်ချောပို့သမားလေး - လျိုရွှင့်အကျပ်အတည်း တစ်မျိုးစီနဲ့ ရင်ဆိုင်နေရတဲ့ သူတို့တွေ ပေကျင်းမှာ ဘယ်လိုများဆက်လက်ပြီးရှင်သန်ကြမှာလဲ ? သူတို့ရဲ့ အိမ်မက်တွေကရော အကောင်အထည်ဖော်နိုင်ပါ့မလား ? အိမ်မက်ကိုအကောင်အထည်ဖော်နေစဥ်အတွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ...
movie

Hello, Beijing ( 2022 )