Channel Myanmar

Ben Manning

Hollow (2021) 3.2
Hollow (2021) Hollow (2021) ရုပ်ရှင်ဆိုတာ တော်တော်မှော်ဆန်တဲ့အရာပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သီချင်းတစ်ပုဒ်နား‌ထောင်၊ ကဗျာတစ်ပုဒ်ဖတ်ပြီး၊ ပန်းချီကားတစ်ကားကို ခံစားသင့်တယ်လို့ ဆိုတယ်။ ရုပ်ရှင်အစစ်တွေကတော့ ဒီ၃ခုလုံးကို ပေါင်းစပ်ထားတဲ့အရာတွေပါပဲ။ ကဗျာဆန်မှုကိုလည်းခံစားရတယ်။ အလှပဆုံးစီနီမာကိုလည်းခံစားရတယ်။ နောက်ခံတေးဂီတရဲ့ အရသာကိုလည်း ခံစားနိုင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် ရုပ်ရှင်တွေကို သိပ်ချစ်ခဲ့တာပါပဲ။တာကော့စကီးတို့ အင်ဂမာဘတ်ခ်ျမန်းတို့ အဘတ်ကီယာအိုစတမိတို့ အိုဇုတို့ရဲ့ ရုပ်ရှင်တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေကြတယ်။ ဝေါင်ကာ‌ဝေးတို့ Shunji Iwai တို့ ဝူဒီအယ်လန်တို့ရဲ့ ရုပ်ရှင်တွေမှာ အချစ်ရဲ့ ၀မ်းနည်းစရာကဗျာဆန်မှုကို ကျွန်တော်တို့ တွေ့ရှိကြတယ်။ ပတ်ချန်းဝုတို့ လီချန်းဒုံတို့ စတန်လေကူးဘရစ်တို့ ရုပ်ရှင်တွေမှာ လောကရဲ့တခြားမျက်နှာတွေကို မြင်ရကြတယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ မာတင်စကောဆေးစိတို့ စတီဗင်စပီးဘာ့ခ်ျတို့ကတော့ လောကအသစ်တွေ‌ဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။Schindler's List ထဲက နာရီလို ၊ Life Is Beautiful ထဲက ဟာသမဟုတ်တဲ့ ...
movie

Hollow (2021)

2021