Channel Myanmar

Ben Miles

The Wings of the Dove (1997) 7.1
The Wings of the Dove (1997) The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie

The Wings of the Dove (1997)

2024
Napoleon (2023) 6.5
Napoleon (2023) Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie

Napoleon (2023)

2023
4K HEVC
Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Tetris (2023) 7.4
Tetris (2023) Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie

Tetris (2023)

2023
Ninja Assassin (2009) 6.4
Ninja Assassin (2009) IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie

Ninja Assassin (2009)

2009
HEVC 1080p
V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1
Red Joan (2019) 6.3
Red Joan (2019) ဒီ Red Joan ဆိုတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းအင်္ဂလန်နိုင်ငံ၏နျူးကလီးယားဗုံးနှင့်ပတ်သတ်သည့်ထိပ်တန်းလျှို့ဝှက်ချက်များကိုရုရှားတွေဆီအသိပေးခဲ့တဲ့ စပိုင်တစ်ယောက်ရဲ့အကြောင်းကိုရေးသားထားတဲ့နာမည်တူစာအုပ်ကို ပြန်လည်မှီငြမ်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်...ဂျုန်းဟာ ရူပဗေဒပညာကိုအထူးပြုသင်ယူထားတဲ့ကမ်းဘရစ်ခ်ျကျောင်းဆင်းတစ်ယောက်ပါ...သူ့အနေနဲ့ဘယ်လိုလုပ်ပြီးတော့နိုင်ငံရဲ့လျှို့ဝှက်ထိပ်တန်းအချက်အလက်တွေကိုဖောက်ထွင်းယူတတ်တဲ့စပိုင်တစ်ယောက်ဖြစ်သွားရသလဲ...သူပြောပြတဲ့ သူ့အနေနဲ့နိုင်ငံကိုသစ္စာဖောက်ခဲ့မိရတဲ့အကြောင်းရင်းကတော်တော့်ကိုစိတ်ဝင်စားစရာပါ...အဲ့အကြောင်းကဘာဖြစ်မလဲဆိုတာနဲ့ဘာကြောင့်စိတ်ဝင်စားဖို့ကောင်းရသလဲဆိုတာကိုဒီ Red Joan ကားကိုကြည့်ပြီးအဖြေရှာကြည့်ကြည့်လိုက်ပါ File Size : (945 MB) & (358 MB)Quality :Web-DL 720pRunning Time :1 hr 34 minFormat : Mp4Genre : Drama , Biography , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Red Joan (2019)

2018