Channel Myanmar

Benjamin Ramon

Wolfkin (2022)
Wolfkin (2022)  Twilight လိုသမန်းဝံပုလွေကားမျိုးတွေကိုကြိုက်တဲ့သူတွေအတွက်Wolfkin ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.5 ရရှိထားပြီး ကြည့်ရတာမဆိုးဘူးလို့ပြောလို့ရပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တခမ်းတနားရိုက်ကူးထားတာမျိုးတော့မဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုးတာမို့လက်ခံလို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်။ယောက်ျားထားသွားတာကိုခံခဲ့ရပြီးနောက်မှာ အီလိန်းကသူ့ရဲ့သားလေးဖြစ်တဲ့ မာတင်နဲ့ အမေတစ်ခုသားတစ်ခုပဲ ကျန်ခဲ့ပါတော့တယ်။ငွေကြေးမပြည့်စုံတဲ့အပြင် မိဘတွေပါမရှိတော့တဲ့အီလိန်းအတွက်ကလေးတစ်ယောက်ကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ပေးဖို့ဆိုတာကခက်ခဲခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ ကျောင်းမှာ မာတင်ကတခြားကလေးတွေနဲ့ရန်ဖြစ်တဲ့အခါမှာတော့ ကျောင်းကခေါ်တွေ့တာတွေလည်းခံခဲ့ရပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်းချင်းအခြေအနေပိုဆိုးလာပြီးမာတင်လည်းကလေးတစ်ယောက်အနေနဲ့ အရမ်းစိတ်ညစ်နေတဲ့အခါမှာတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် သူ့အဖေဘက်ကအဖိုးအဖွားတွေဆီအတူတူသွားခဲ့ကြပါတော့တယ်။ဟိုရောက်တဲ့အခါမှာတော့ သူတို့သားမှာမာတင်လေးရှိနေတာကိုသိတောင်မသိခဲ့ပေမဲ့ အီလိန်းတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီအိမ်မှာနေရင်းနဲ့မှထူးဆန်းတဲ့အရာတွေကြုံတွေ့လာပြီး မာတင်လဲတဖြည်းဖြည်းနဲ့ထူးဆန်းလာတဲ့အခါမှာတော့ သူတို့မသိနိုင်တဲ့ဘယ်လိုနက်နဲ ထူးဆန်းတဲ့အရာတွေရှိနေမယ်ဆိုတာကို လျှို့ဝှက်နက်နဲစွာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.11 GB / 503 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Wolfkin (2022)

Megalomaniac (2022) 5.7
Megalomaniac (2022) Megalomaniac (2022)~ IMDb - 5.7/10, Rotten Tomatoes - 84% ~"Megalomaniac" ဆိုတဲ့ စကားလုံးကို စိတ်ကြီးဝင်တဲ့သူ ဒါမှမဟုတ် စိတ်ကြီးဝင်နေတဲ့ရောဂါသည်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကတော့ နောက်ခံအင်အားတောင့်လို့ ဘဝင်လေဟပ် အောက်ခြေလွတ် မာနကြီးနေတဲ့သူတွေအကြောင်းရိုက်ကူးထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ပြင်းထန်လှတဲ့ ရိုက်ခတ်မှုတွေကြောင့် နာကျည်းချက်ပေါင်းများစွာနဲ့ မလုပ်သင့်မလုပ်အပ်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး စိတ်ထွက်ပေါက်ရှာခဲ့ရင်း လူစိတ်ပျောက် ဘဝင်ရူးသွားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ ...
movie

Megalomaniac (2022)

2022
Yummy (2019) 6.1
Yummy (2019) Yummy (2019)============IMDb Rating - 6.1/10#Unicodeဇွန်ဘီကားစစ်စစ်ကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်ရင်တော့ IMDb rating 6.1 ရထားတဲ့ ဒီကားကအသင့်တော်ဆုံးပါပဲ။ ပြင်းထန်တဲ့ပြကွက်တွေနဲ့ သွေးထွက်သံယိုတွေအများကြီးပါလို့ အသဲငယ်ရင်မကြည့်တာကောင်းပါတယ် :'Dအယ်လီဆန်ဟာ သူမရဲ့ ကြီးမားတဲ့ရင်သား‌တွေကြောင့် ယောက်ျားလေးတွေရဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာစနောက်ခြင်းကိုခံနေရတာကြောင့် ရင်သားဆိုဒ်ကို သေးအောင်ခွဲစိတ်ဖို့အတွက် သူ့ရဲ့အမေ၊ ကောင်လေးဖြစ်သူတို့နဲ့အတူ ပလစ်စတစ်ဆာဂျရီဆေးရုံကို အတူလာခဲ့ကြပါတယ်။ ဆေးရုံအုပ် ဒေါက်တာခရောချက်ကတော့ "ကမ္ဘာကြီးကို ပိုမိုလှပအောင်လုပ်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကြီးတာကိုရပ်တန့်စေတဲ့ ကုသမှုကို စမ်းသပ်နေတဲ့ ခွဲစိတ်ဆရာဝန်‌တစ်ယောက်ပါ။ အယ်လီဆန်ရဲ့ကောင်လေးဖြစ်တဲ့ ပိုပီဟာ အယ်လီဆန်မခွဲစိတ်ခင်မှာ ဆေးရုံဝန်ထမ်းတချို့နဲ့ စကားများပြီး စိတ်ပြေလက်ပျောက် ဆေးရုံအခန်း‌တွေကိုလိုက်ကြည့်ရာကနေ တားမြစ်ထားတဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။အဲဒီ့အခန်းထဲမှာ ကြိုးတွေနဲ့တုပ်ပြီး ပါးစပ်အပိတ်ခံထားရတဲ့ ရုန်းကန်နေတဲ့မိန်းမတစ်ယောက်ကို သူတွေ့လိုက်ရတဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ ပါးစပ်ပိတ်ထားတဲ့အစွပ်ကို ဖြုတ်ပေးလိုက်တဲ့အခါ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေစတင်ကြုံရပါတော့တယ်။ အဲဒီ့အမျိုးသမီးကို ဆေးရုံရဲ့ကန့်သတ်ခန်းထဲမှာ ဘာကြောင့်ထည့်ပိတ်ထားရတာလဲ..........ဒီကိစ္စဟာ စမ်းသပ်မှုနဲ့ရော ဘယ်လိုတွေသက်ဆိုင်နေလဲ..........ဆေးရုံကလူတွေကရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ဒီ ...
movie

Yummy (2019)

2019