Channel Myanmar

Benjamin Sadler

Passion (2013) 5.3
Passion (2013) ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦးဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့်The notebooks တို့ Mean Girls တို့မှမင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှသစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကိုThriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲအကြံပေးလိုက်ပါတယ်ခင်ဗျာ File size…    1.1 GB /  657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Passion (2013)

When Hitler Stole Pink Rabbit (2019) 7.8
When Hitler Stole Pink Rabbit (2019) ၁၉၃၂ခုနှစ်တုန်းက ဘာလင်မြို့မှာ အန်နာဆိုတဲ့ ၉နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိခဲ့တယ် သူမရဲ့ အဖေက နာမည်ကြီးဝေဖန်ရေးဆရာ အာသာကမ်ပါဖြစ်ပြီးတော့ အမေနာမည်က ဒေါ်ရသီယာပါတဲ့ သူမမှာ မက်စ်လို့ခေါ်တဲ့ ၁၂နှစ်အရွယ် အစ်ကိုတစ်ယောက်ရှိပြီး ဘာလင်မြို့မှာ မိသားစုအတူတကွပျော်ပျော်ရွှင်ရွှင်နေကြတယ် တစ်ရက်‌ ဟစ်တလာကရွေးကောက်ပွဲနိုင်လုဆဲဆဲအချိန်မှာ ဂျူးလူမျိုးဖြစ်ကြတဲ့ သူမတို့မိသားစုတတွေ နာဇီလက်ကလွတ်‌မြောက်ဖို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘာလင်ကနေပြေးကြရတော့တယ် အန်နာတို့တတွေ ဘယ်လိုအခက်အခဲတွေ ဘယ်လိုအပြောင်းအလဲတွေ ကြုံတွေ့ရမလဲ နေရာအသစ် ဘဝအသစ်ကို ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်    File Size -  1.3 gb Quality - bluray 1080p 5.1 Subtitle -  burmese Translator - Shin Mon Lat Encoder - Thit San Khant
movie

When Hitler Stole Pink Rabbit (2019)

2019
Rommel (2012) 6.5
Rommel (2012) Rommel (2012)_____IMDb - 6.5/10  ဒီဇာတ်လမ်းလေးကတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုးမဲလ် ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ် ...သဲကန္တရမြေခွေးကြီးလို့လည်း အတော်များများကြားဖူးကြမယ်ထင်ပါတယ်... ဒီစစ်ကားမှာ တခြားစစ်ကားတွေထက် ပိုကောင်းတဲ့အချက်တွေကတော့ ဗိုလ်ချုပ်ကြီးရိုးမဲလ် အပါအဝင် ဂျာမန်စစ်ခေါင်းဆောင်တွေရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန် ဘယ်လိုစစ်ပြင်ဖို့ဆွေးနွေးကြပုံတွေ. .စစ်ဖြစ်နေတဲ့အချိန်အတောအတွင်းမှာလဲ တန်ပြန်တိုက်စစ်တွေကို ဘယ်လိုပုံဖော်ကြအလဲဆိုတာတွေ အပြန်အလှန်ဆွေးနွေးကြပုံတွေကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါပဲ....ဗိုလ်ချုပ်ကြီးရိုးမဲဟာ သူ့ရဲ့စစ်ခေါင်းဆောင်ကြီးဟစ်တလာရဲ့အပေါ်မှာ အလွန်သစ္စာစောင့်သိတဲ့စစ်သားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ်လူမဆန်တဲ့လုပ်ရပ်တွေကိုသိသွားတဲ့အခါမှာ ဆက်ပြီးတော့ဟစ်တလာအပေါ်မှာ သစ္စာစောင့်သိဦးမှာလား...အဲ့အချိန်မှာပဲ ဂျာမန်တွေဟာ မဟာမိတ်တို့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့် အဘက်ဘက်ကစစ်ရေးရှုံးနိမ့်လို့နေခဲ့တယ်.. ရိုးမဲလ်က ဟစ်တလာကို ငြမ်းချမ်းရေးညှိနှိုင်းဖို့အကြံပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..အဲ့နောက်မှာတော့ ဟစ်တလာရဲ့ခေါင်းဆောင်မှုအပေါ်မှာ သဘောမကျတဲ့ ဂျာမန်စစ်ခေါင်းဆောင်အချို့ဟာ အာဏာသိမ်းဖို့အတွက်တိတ်တဆိတ်ကြံစည်လုပ်ဆောင်လာခဲ့တဲ့အခါမှာတော့... ဗိုလ်ချုပ်ကြီးရိုးမဲလ် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇတ်လမ်းလေးကိုပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ..   ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Zwel Zan Aung ဖြစ်ပါတယ်....    File Size : (1.4 GB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Action , Biography , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded ...
movie

Rommel (2012)

2012