Channel Myanmar

Benjamín Vicuña

Little Lies(2022) 6.5
Little Lies(2022) Little Lies(2022)************** မုသားမပါ လင်္ကာမချောဆိုသလို ကြည်နူးသာယာတဲ့အချစ်ရေးတစ်ခုမှာလည်း အလိမ်အညာအသေးဖွဲ့လေးတွေက မပါမဖြစ်ပါရတယ်ဆိုတာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ...။ ဇာတ်လမ်းလေးထဲမှာ စုံတွဲနှစ်တွဲပါပါတယ်...။ ပထမတစ်တွဲက ဘာဘရာနဲ့ ဂျူလီယန်ပါ...။ ဘာဘရာက အမြဲလိုလို bad boyတွေနဲ့ ကြုံနေရလို့ ခဏခဏ ပလေးခံရနေသူပါ...။ ဂျူလီယန်ကတော့ အမျိုးသမီးတွေကြားမှာဆို စန်းမပွင့်တဲ့ လူရိုးလေးဖြစ်ပြီး လက်တွဲဖော်ရှာဖွေနေသူလေးပါ...။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူ လင်မယားအတွဲ အီဗာနဲ့ မာတီအာတို့ရဲ့မြားနတ်မောင်လုပ်ပေးမှုကြောင့် ချစ်သူရည်းစားဘဝကိုရောက်သွားပါတယ်...။ သို့ပေမယ့် ဂျူလီယန်ဟာ စကားနဲ့ အလုပ်နဲ့မညီ၊ အမူအရာတွေ အပျက်အပျက်အယွင်းယွင်းဖြစ်နေတာမို့လိမ်ထားညာထားတာများရှိနေမလားပေါ့....။ ဒါကို မသင်္ကာတဲ့ အီဗာနဲ့ မာတီအာတို့စုံတွဲက စုံစမ်းထောက်လှမ်းရင်း... ဘယ်သူက ဘယ်သူ့ကိုလိမ်ပြီး၊ ဘာတွေရှုပ်ကြလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်Spanish Comedy Drama movieလေးပဲဖြစ်ပါတယ်....။  File size… 1.8GB& 835MB Quality… WEB-DL1080p,720p Format…mp4 Duration….1h 32min Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by  Phyo Pyae
movie

Little Lies(2022)

Jailbreak Pact (2020) 7
Jailbreak Pact (2020) Jailbreak Pact (2020)~ IMDb - 7/10, Rotten Tomatoes - 89% ~၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ...
movie

Jailbreak Pact (2020)

2020