Channel Myanmar

Bent Mejding

Brothers (2004) 7.5
Brothers (2004) Brothers (2004)အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.6GB, 1.1GB, 551MB Quality            : 1080p Blu-ray, 720p Blu-ray, ...
movie

Brothers (2004)

2004
A Royal Affair (2012) 7.5
A Royal Affair (2012) A Royal Affair (2012)၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တ‌ဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.8GB, 736MB, ...
movie

A Royal Affair (2012)

2012
Flickering Lights (2000) 7.5
Flickering Lights (2000) Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 4.5GB, 945MB, 444MB Quality            : 1080p Blu-ray AAC ...
movie

Flickering Lights (2000)

2000